DVB Logo
Home
မြန်မာသတင်း
တနိုင်းနှင့် ဖားကန့်မြို့နယ်တွင် မိုင်းနင်းမိ၍ အရပ်သား ၃ ဦး ဒဏ်ရာရရှိ
DVB
·
April 5, 2018
တနိုင်းနှင့် ဖားကန့်မြို့နယ်တွင် မိုင်းနင်းမိ၍ အရပ်သား ၃ ဦး ဒဏ်ရာရရှိ
Donate to DVB

ကချင်ပြည်နယ် တနိုင်းနဲ့ ဖားကန့်မြို့နယ်မှာ မိုင်းနင်းမိလို့ အရပ်သား  ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တနိုင်းမြို့နယ် မိုင်ခွန်းကျေးရွာသားတဦး ဧပြီလ ၃ ရက်နေ့က ပယင်းရှာဖွေဖို့သွားချိန်မှာ ရွာနဲ့  ၄ မိုင်ခန့်အကွာမှာ မိုင်းတလုံး တိုက်မိပေါက်ကွဲခဲ့လို့ ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိတဲ့အတွက် တနိုင်ဆေးရုံမှာ ကုသပေးနေတယ်လို့ ပြည်ထဲရေးဌာနရဲ့ လူမှုကွန်ရက်စာမျုက်နှာမှာ ဖော်ပြပါတယ်။

တရက်တည်းမှာပဲ အောင်စိုးမိုးရွာအနီး လီဒိုလမ်းမ အရှေ့ဘက် ၆ ဖာလုံခန့်အကွာမှာ ဇောကျဆိုသူ ထွန်စက်မောင်း ပြန်လာချိန်မှာ ထွန်စက်ဘီး မိုင်းနင်းမိပေါက်ကွဲခဲ့တဲ့အတွက် ထွန်စက် နောက်ဘီးပြုပြီး ဇော်ကမှာ ဝဲ/ယာခြေချင်းဝတ် မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဧပြီလ ၄ ရက်နေ့က တနိုင်းဆေးရုံကို တင်ပို့ကုသပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အလားတူ မနေ့ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်မှာလည်း ဖားကန့်မြို့နယ်၊ အောင်ရာကျေးရွာနေ ဦးလဂျွမ်တူးဂျာ(၄၆-နှစ်)ဟာ ဇနီးနဲ့တူ ဝါးခုတ်သွားရာမှ ဖားကန့်မြို့နယ် ဘန်ကောက်ကျေးရွာ အနောက်ဘက် ၄ မိုင်ခန့်အကွာ ဘန်လိုကွင်းတောင်ခြေအနီး မိုးနင်းမိ ပေါက်ကွဲခဲ့လို့ ဦးလဂျွမ်တူးဂျာမှာ မိုင်းစ ထိမှန်ဒဏ်ရာတွေ ရရှိတဲ့အတွက် ဘန်ကောက်တိုက်နယ်ဆေးရုံကို ပို့ဆောင်ဆေးကုသနေရပါတယ်။

ဓာတ်ပုံ - ပြည်ထဲရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013