DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် သတင်းမီဒီယာများ သတင်းရယူခွင့် ပိုမိုကျပ်တည်းလာ
DVB
·
March 30, 2018
အန်အယ်လ်ဒီအစိုးရလက်ထက် သတင်းမီဒီယာများ သတင်းရယူခွင့် ပိုမိုကျပ်တည်းလာ
Donate to DVB

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ သတင်းမီဒီယာသမားတွေ သတင်းရယူခွင့် ပိုမိုကျပ်တည်းမှု ကြုံတွေ့နေရတယ်လို့ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ကျင်းပတဲ့ “Media freedom in conflict areas” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ သတင်းစာဆရာတွေက ပြောကြားလိုက်ပါတယ်။

လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ သတင်းအချက်အလက် ရယူပိုင်ခွင့်နဲ့ သတင်းယူရတဲ့ အခြေအနေတွေဟာ အရင် ဦးသိန်းစိန် အစိုးရ လက်ထက်ကထက် ပိုပြီးကျပ်တည်းလာပြီး တရားစွဲအရေးယူမှုတွေလည်း ပိုများလာတယ်လို့ သတင်းစာဆရာတွေက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို သတင်းစာဆရာတွေဖြစ်တဲ့ ကိုဆွေဝင်း၊ ကိုသီဟသွေးတို့ အပါအဝင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ Pen Myanmar အဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)တို့ က ပါဝင်ဆွေးနွေးကြတာပါ။

သမ္မတသစ် ဦးဝင်းမြင့်ကတော့ ပြည်သူတွေရဲ့ နားတွေ၊ မျက်စိတွေ ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013