DVB Logo
Home
မြန်မာသတင်း
နှစ်ချုပ်စာရင်းပိတ်ရက်တွင် ဘဏ်အချို့ အွန်လိုင်းဝန်ဆောင်မှု ခဏပိတ်မည်
DVB
·
March 29, 2018
နှစ်ချုပ်စာရင်းပိတ်ရက်တွင် ဘဏ်အချို့ အွန်လိုင်းဝန်ဆောင်မှု ခဏပိတ်မည်
Donate to DVB

ဘဏ္ဍာနှစ်ကုန် စာရင်းချုပ်မှာ ဖြစ်တဲ့အတွက် ဘဏ်တွေရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေ ခဏ ပိတ်ထားမယ်လို့ ဘဏ်တချို့က ကြေညာထားပါတယ်။

CB ဘဏ်ကတော့ နှစ်ချုပ်စာရင်းပိတ်တာကို မတ်လ ၃၀ ရက် ည ၁၀ နာရီကနေ ၃၁ ရက် နေ့လယ် ၁၂ နာရီအထိ ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီအချိန်အတွင်းမှာ CB ဘဏ်ရဲ့ Mobile Banking, Internet Banking, ATM, CRM, PUM, Cheque Deposit Machine, မိမိရဲ့ အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ကတ်တွေ၊ မိုဘိုင်းလ်အေးဂျင့် ဝန်ဆောင်မှုတွေကို ရပ်နားထားမယ်လို့ ဆိုပါတယ်။

ကမ္ဘောဇဘဏ်လီမိတက်ကတော့ နှစ်ချုပ်စာရင်းပိတ်တာနဲ့ စနစ်အဆင့်မြှင့်တာတွေ လုပ်သွားမှာဖြစ်လို့ ဘဏ်ခွဲတွေမှာ Quick Pay ဝန်ဆောင်မှုကို မတ်လ ၃၀ ရက်နေ့မှာ အသုံးပြုလို့မရနိုင်ဘဲ Quick Pay Online ဝန်ဆောင်မှုကိုတော့ သုံးနိုင်မယ်လို့ ဆိုပါတယ်။

KBZ Online Banking ဝန်ဆောင်မှု အဆင့်မြှင့်တာကို  မတ်လ ၃၀ ရက် သောကြာနေ့ ည ၈ နာရီမှ ဧပြီလ ၁ ရက် တနင်္ဂနွေနေ့ မနက် ၆ နာရီ အထိ ပြုလုပ်မှာ ဖြစ်လို့ iBanking/ mBanking ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ ကြေညာပါတယ်။

ATM ဝန်ဆောင်မှုကိုလည်း မတ်လ ၃၀ ရက် သောကြာနေ့ ည ၁၀ နာရီကနေ ၁၂ နာရီအထိ၊  ဧပြီလ ၁ ရက် တနင်္ဂနွေနေ့ ည ၁ နာရီခွဲကနေ မနက် ၈ နာရီခွဲအထိ အဆင့်မြှင့်တင်မှာ ဖြစ်လို့ သုံးစွဲရာမှာ အဆင်မပြေဖြစ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ရွှေဘဏ်ကလည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် နှစ်ချုပ်စာရင်းပိတ်တာကို မတ်လ ၃၀ ရက် ညနေ ၅ နာရီကနေ မတ်လ ၃၁ ရက် ည ၁၁ နာရီအထိ ပြုလုပ်မှာဖြစ်လို့ ရွှေဘဏ်ရဲ့ ATM ၀န်ဆောင်မှုတွေ၊ Mobile Banking၊ Internet Banking နဲ့ Agent Banking ဝန်ဆောင်မှုတွေကို ခဏ ရပ်နားထားမှာဖြစ်ပြီး ပြန်အသုံးပြုလို့ရရင် အသိပေးမယ်လို့ ကြေညာထားပါတယ်။

တခြားဘဏ်တွေကတော့ နှစ်ကုန်စာရင်းပိတ်တာနဲ့ ပတ်သက်ပြီး ကြေညာထားတာ မတွေ့ရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013