DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံ မေဘဏ်ခွဲ မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်
DVB
·
August 5, 2015
မလေးရှားနိုင်ငံ မေဘဏ်ခွဲ မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်
Donate to DVB

မလေးရှားနိုင်ငံအခြေစိုက် မေဘဏ်ခွဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်လိုက်တယ်လို့ The Star Online သတင်းမှာဖော်ပြပါတယ်။

အရှေ့တောင်အာရှဒေသ ဘဏ်လုပ်ငန်းကဏ္ဍမှာ စတုတ္ထအကြီးဆုံးဖြစ်တဲ့ မေ ဘဏ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဘဏ်ခွဲဖွင့်လှစ်ဖို့ နောက်ဆုံးခွင့်ပြုချက် ရခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ လက်ရှိအချိန်ထိ နိုင်ငံခြားဘဏ်ကိုးခုကို ဖွင့်လှစ်ခွင့်ပြု ထားတာဖြစ်ပြီး ဘဏ်ခွဲ ၆ ခုက မြန်မာနိုင်ငံတွင်း ဘဏ်ခွဲဖွင့်လှစ်ပြီးဖြစ်တဲ့အတွက် မေ ဘဏ်ဟာ ၇ ခုမြောက်ဖွင့်လှစ်တဲ့ ဘဏ်ခွဲဖြစ်လာပါတယ်။

ဖွင့်လှစ်ပြီးဖြစ်တဲ့ နိုင်ငံခြားဘဏ်ခွဲတွေကတော့ ဂျပန်နိုင်ငံအခြေစိုက် တိုကျိုမစ်ဆူ ဘီရှီဘဏ်နဲ့ ဆူမီတိုမိုမစ်ဆူအီဘဏ်ကော်ပိုရေးရှင်း၊ တရုတ်နိုင်ငံအခြေစိုက် စက်မှုလက်မှုနှင့်ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ)၊ စင်ကာပူနိုင်ငံအခြေစိုက် အိုစီဘီစီဘဏ်နဲ့ ယူအိုဘီဘဏ်၊ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ဘဏ်တွေပဲ ဖြစ်ပါတယ်။

ခုဖွင့်လှစ်လိုက်တဲ့ မေဘဏ်ဟာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၅ မီ လီယံရှိတယ်လို့ အဲဒီသတင်းမှာဖော်ပြပါတယ်။

ရန်ကုန်မြို့၊ ကုန်သည်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်က စင်ထရယ်ပွိုင့်တာဝါမှာ ဖွင့်လှစ်ထားတဲ့ မေဘဏ်ဟာ လက်ရှိမှာတော့ အေတီအမ်ဝန်ဆောင်မှုတွေမရနိုင် သေးဘူးလို့ အဲဒီဘဏ်ရဲ့ အင်တာနက်စာမျက်နှာ http://www.maybank.com/en/worldwide/all-countries/myanmar.page မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013