DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်များ ဖာပွန်ခရိုင်တွင်းမှ ပြန်ရုပ်သိမ်းရန် ကေအန်ယူ တောင်းဆို
DVB
·
March 16, 2018
အစိုးရတပ်များ ဖာပွန်ခရိုင်တွင်းမှ ပြန်ရုပ်သိမ်းရန် ကေအန်ယူ တောင်းဆို
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်းက လမ်းဖောက်လုပ် ရေးအတွက် စေလွှတ်တဲ့ အစိုးရတပ်တွေကို ပြန်လည်ရုပ်သိန်းဖို့နဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်လည်ဝင်ရောက်နေထိုင်ရေး လုံခြုံမှုအာမခံချက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပြီး ကေအန်ယူနဲ့ အစိုးရတပ်တို့အကြား တင်းမာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေအတွက် အန်စီအေ လက်မှတ်ထိုးတုန်းက ပါဝင်ခဲ့တဲ့ ပြည်တွင်း ပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းအနေနဲ့  လူသားချင်း စာနာမှု အကူအညီတွေပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အစိုးရနဲ့ လက်မှတ်ထိုးသူတွေအကြား ကွဲလွဲနေတဲ့ အန်စီအေဆိုင်ရာ အခြေခံ အယူအဆတွေကို ပြန်လည်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့လည်း ကေအန်ယူက နိုင်ငံတာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်လူသောမြို့နယ်  ခေးပူနဲ့လယ်မူပလောရွာကြားမှာ ကားလမ်း ဖောက်လုပ်ရေးအတွက် မတ်လ ၄ ရက်နေ့ကစပြီး အစိုးရစစ်တပ်အင်အား တိုးချဲ့ ဝင်ရောက်လာခဲ့ပါတယ်။

စစ်တပ်တိုးချဲ့မှုကြောင့် ကေအန်ယူတပ်ဖွဲ့နဲ့ တင်းမာမှုတွေဖြစ်ပြီး ဒေသတွင်းကျေးရွာ ၁၄ ရွာ၊ လူပေါင်း ၂၀၀၀နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကေအန်ယူက အစိုးရနဲ့ ၂၀၁၂ ခုနှစ်က အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ခဲ့ပြီး ၂၀၁၅ ခုမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အန်စီအေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

လက်ရှိအန်စီအေ လုပ်ငန်းတွေနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုမှာ ယုံကြည်မှု တည်ဆောက်နေချိန် အစိုးရတပ်ဘက်က အခုလို လုပ်ဆောင်တာဟာ အန်စီအေ သဘောတူညီချက်ကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း ကေအန်ယူက ထောက်ပြထားပါ တယ်။

ဖာပွန်ခရိုင်အတွင်း ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့လည်း ကေအန်ယူ ဖာပွန်ခရိုင်အနေနဲ့  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဆီကို ကန့်ကွက်ကြောင်း တင်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013