DVB Logo
Home
မြန်မာသတင်း
“ကယန်း” အမည်​တ​မျိုးတည်းသာ အသိအမှတ်​ပြု​ပေးရန်​ ​လိုလား
DVB
·
March 14, 2018
“ကယန်း” အမည်​တ​မျိုးတည်းသာ အသိအမှတ်​ပြု​ပေးရန်​ ​လိုလား
Donate to DVB

အစိုးရက လက်​ရှိ ကယန်းမျိုးနွယ်​စု ​လေးခုဖြစ်​တဲ့ လထာ၊ ကဲ​ဒေါ့၊ က​ခေါင်းနဲ့ ကငန်​ မျိုးနွယ်​စု​တွေကို လူမျိုးတမျိုးစီအ​နေနဲ့ ​ဖော်​ပြထားတာ​​ကြောင့် ကယန်းတိုင်းရင်းသား​တွေက ‘ကယန်း’ ဆိုတဲ့ အမည်​တခုတည်းကိုသာ အသိအမှတ်​ပြု​ပေးဖို့ ​လိုလား​နေတာ ဖြစ်​ပါတယ်​။

ကယန်းအမျိုးသား ညီညွတ်​​ရေး ဦး​ဆောင်​ကော်​မတီမှ ဥက္ကဋ္ဌ ခွန်းရှမူ​အေးလာက “ကျ​နော်​တို့ ကယန်းမျိုးနွယ်​စု ​လေးခုဖြစ်​တဲ့ က​ခေါင်း၊ ကငန်​၊ လထာ၊ ကဲ​ဒေါ့ဟာ ကျ​နော်​တို့ အချင်းချင်း ​ခေါ်​ဝေါ်သုံးစွဲတဲ့ ​နေရာမှာ​တော့ အဲဒီနာမည်​ကို သုံးစွဲမှာ ဖြစ်​ပေမယ့် တကယ့် နိုင်​ငံ​တော်​အစိုးရနဲ့ မှတ်​ပုံတင်​တဲ့​နေရာမျိုးမှာ ကယန်းအ​နေနဲ့သာ ​ခေါ်​ဝေါ်သုံးစွဲ​ပေးဖို့ ကျ​နော်​တို့ သ​ဘောတူညီထားတာ ရှိပါတယ်​” လို့ ​​ခြောက်​လပတ်​ အစည်းအ​ဝေးမှာ  ​ပြောပါတယ်​။

လထာ၊ ကငန်​၊ ကဲ​ဒေါ့နဲ့ က​ခေါင်း မျိုးနွယ်​စု​တွေကို ကယန်းအဖြစ်​ ​ကယန်းမျိုးနွယ်​စု​​ ခေါင်း​ဆောင်​တွေကြား သ​ဘောတူသတ်​မှတ်​ထားတာ​ကြောင့် လူမျိုး​ လေးမျိုးအသွင်​နဲ့ ကယားပြည်​နယ်​မှာ ​နေထိုင်​တဲ့ လူမျိုး​လေးမျိုးအဖြစ်​ ​ဖော်​ပြထားတဲ့ အစိုးရ ပြန်​တမ်း​တွေနဲ့ ကွဲလွဲ​နေတာ ဖြစ်​ပါတယ်​။

ကယန်းအမျိုးသား ညီညွှတ်​​ရေးဦး​ဆောင်​​ကော်​မတီက လက်​ရှိ ကယန်းမျိုးနွယ်​စု ​လေးခုကို ကယန်းအမည်​နဲ့ ​ခေါ်​ဝေါ်​သုံးစွဲဖို့ အစိုးရကို ​တောင်းဆိုထား​ပေမယ့် အစိုးရဘက်​က ပြန်​ကြား​​ပေးတာ​တွေ မရှိ​သေးဘူးလို့ ဆိုပါတယ်​။

အစိုးရရဲ့ ၂၀၁၄ ခုနှစ်​ သန်း​ခေါင်​စာရင်း ​ကောက်​ယူစဉ်​ကလည်း ကယန်းမျိုးနွယ်​စု​ လေးခုကို လူမျိုးတမျိုးစီအ​နေနဲ့ သတ်​မှတ်​ ​ကောက်​ယူခဲ့တာ ဖြစ်​ပါတယ်​။ အစိုးရက အခုလို သတ်​မှတ်​လုပ်​​ဆောင်​ခဲ့​တဲ့အတွက်​ နိုင်​ငံ​ရေးအရ တိုင်းရင်းသားအခွင့်အ​ရေး ဆုံးရှုံးရတယ်​​လို့ ​ပြောပါတယ်​။

ကယန်းမျိုးဆက်​သစ်​လူငယ်​ တွဲဖက်​အတွင်း​ရေးမှူးတ​ဦး ဖြစ်​တဲ့ ခွန်း​သောမတ်​က “မျိုးနွယ်​စုတ​ခုကို လူမျိုးတခုအ​နေနဲ့ သတ်​မှတ်​တာဟာ နိုင်​ငံ​ရေးအရ တိုင်းရင်းသားအခွင့်အ​ရေးနဲ့ ဆိုင်​တဲ့ ကိစ္စရပ်​​တွေမှာ ဆုံးရှုံးတယ်​။ ဥပ​ဒေပါ အချက်​အလက်​​တွေမှာ ဆိုရင်​​တော့ လူဦး​ရေ ​ခြောက်​​သောင်းလောက် ရှိရင်​​တော့ ဝန်​ကြီးတပါး ရမယ်​လို့ ​ပြောတဲ့​နေရာမှာ ကယားပြည်​နယ်​မှာ မရလိုက်​ဘူး" လို့ ​ဆိုပါတယ်​။

ကယန်းတိုင်းရင်းသား​တွေ အများဆုံး​ နေထိုင်​တဲ့ ရှမ်းပြည်​နယ်​မှာ ကယန်းတိုင်းရင်းသား ​ရေးရာဝန်​ကြီးတ​ဦး ရရှိေ​ပမယ့် ဒုတိယအများဆုံး​ နေထိုင်​တဲ့ ကယားပြည်​နယ်​မှာ ကယန်းမျိုးနွယ်​စု​တွေကို လူမျိုးတမျိုးအဖြစ်​ သတ်​မှတ်​တာ​ကြောင့် ကယန်းလူဦး​ရေ မပြည့်မီ​တော့ဘဲ ကယန်းတိုင်းရင်းသား​ရေးရာ ဝန်​ကြီး မရရှိခဲ့တာ ဖြစ်​ပါတယ်​။

ကယန်းလူမျိုးရဲ့ အမြင့်ဆုံးအဖွဲ့အစည်းတခုဖြစ်​တဲ့ ကယန်းတိုင်းရင်းသား ညီညွှတ်​​ရေး ဦး​ဆောင်​​ကော်​မတီကို ​ဇန်​နဝါရီလ ၃၁ ရက်​နေ့ကနေ ​ဖေ​ဖော်​ဝါရီလ ၄ ရက်​​နေ့အထိ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်​ ကယန်းအမျိုးသားညီလာခံမှာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း ဖြစ်​ပါတယ်​။ ဒီအဖွဲ့အစည်းမှာ ကယန်းပြည်​သစ်​ပါတီ၊ ကယန်းမျိုးသားပါတီ၊ ကယန်းစာ​ပေနဲ့ ယဉ်​​ကျေးမှု ဗဟို​​ကော်​မတီ၊ ကယန်းဘာသာ​ရေး​အသီးသီးက ​ခေါင်း​ဆောင်ေ​တွ၊ ကယန်းလူမှုအသင်း အဖွဲ့​တွေနဲ့ ဖွဲ့စည်းထားပြီး ကယန်းအမျိုးသား စည်းလုံးညီညွှတ်​​ရေး၊ ကယန်း​ဒေသကို ကယားပြည်​နယ်​မှာ ပြန်​လည်​​ပေါင်းစည်း​ရေးနဲ့ ကယန်း​ကျေးရွာ​ ဆိုင်းဘုတ်​​တွေကို ကယန်း အမည်​နဲ့ ​ရေးသားဖို့ ကိစ္စရပ်​​တွေကို အ​ကောင်​အထည်​​ဖော်​​နေကြတာ ဖြစ်​ပါတယ်​။

ကယန်းတိုင်းရင်းသား​တွေဟာ ရှမ်းပြည်​နယ်​၊ ကယားပြည်​နယ်​၊ ကရင်​ပြည်​နယ်​နဲ့ ​နေပြည်​​တော်​ ​ကောင်​စီနယ်​​မြေ​တွေမှာ ပျံ့နှံ့​နေထိုင်​ကြပြီး လူဦး​ရေ ၃ သိန်း​လောက်​ ရှိမယ်​လို့ ခန့်​မှန်းထားပါတယ်​။

သတင်း - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013