DVB Logo
Home
မြန်မာသတင်း
လည်ပတ်သူ နည်းလာသည့် ထိုင်းက မနုဿ ဥယျာဉ်
DVB
·
July 9, 2015
လည်ပတ်သူ နည်းလာသည့် ထိုင်းက မနုဿ       ဥယျာဉ်
1 / 15
Donate to DVB

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲက ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းလူမျိုးတွေက အခကြေးငွေ ကောက်ခံပြီး ဖွင့်လှစ်ထားတဲ့ ကယား (ကရင်နီ) ပြည်နယ်ကလာတဲ့ ကယန်း၊ ကယော လူမျိုးတွေကို ပြသတဲ့ မနုဿ      ဥယျာဉ်မှာ လည်ပတ်တဲ့ ဧည့်သည်တွေ တဖြည်းဖြည်း နည်းပါးလာနေပါတယ်။

အရင် လာရောက်သူတွေ များခဲ့စဉ်က တအိမ်ထောင်ကို ထိုင်းတွေက တလ ဘတ် ၁၅၀၀ ထောက်ပံ့ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီလိုထောက်ပံ့တာတွေ မရှိဘူးလို့ ဟွေ့စူထောက်ရွာက ကယန်းတိုင်းရင်းသူက ပြောပါတယ်။

ဒီအတွက် ဒီရွာတွေမှာ နေထိုင်တဲ့ ရွာသားတွေရဲ့ ၀င်ငွေ မရှိတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အရင်တချိန် ဧည့်သည်တွေ လာရောက်စဉ်က ၀င်ငွေကောင်းတဲ့အတွက် ဒီရွာသားတွေက ကယားပြည်နယ်မှာ မြေယာတွေကို ဈေးကြီးကြီးပေး ၀ယ်ယူခဲ့တာတွေ ရှိခဲ့တာကြောင့်လည်း မြေယာကို ဈေးအမြောက်အမြား ပေးမ၀ယ်ယူနိုင်တဲ့ ဒေသခံတွေက သူတို့တွေကို ဒေါသထွက်ခဲ့ကြတယ်လို့ ဒီးမော့ဆို ဒေသခံတဦးက ပြောပါတယ်။

မယ်ဟောင်ဆောင် အနီးတ၀ိုက်မှာ ဒီလို ကယန်း၊ ကယော လူမျိုးတွေကို ပြသတဲ့ ရွာ ၃ ရွာ ရှိပါတယ်။ ဟွေ့စူထောက်၊ ဟွေ့ပူးကဲနဲ့ ကယန်းသာယာရွာတွေ ဖြစ်ပါတယ်။

ကယန်း၊ ကယော လူမျိုးတွေရဲ့ လူနေမှုဘ၀ကို ပြသပြီး ထိုင်းနိုင်ငံမှာရှိတဲ့ စီးပွားရေးသမားတွေက လာရောက်တဲ့ ဧည့်သည်တွေဆီက အခကြေးငွေ ကောက်ခံတာပါ။

ဒီရွာတွေမှာ ကယန်းနဲ့ ကယော လူမျိုးတွေရဲ့ ရိုးရာအထည်တွေကို ရောင်းချသလို တချို့က ရိုးရာ အတီးအမှုတ်တွေနဲ့ တီးမှုတ် သီဆိုပြတာတွေ ရှိပါတယ်။ ဒီရွာမှာနေထိုင်တဲ့ ကယန်း၊ ကယောတွေကတော့ ဒီနေရာမှာ နေလာတာ နှစ် ၂၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

ဒီရွာတွေကို ၀င်ခွင့်ရဖို့အတွက် နိုင်ငံခြားသားတဦးကို လက်ရှိမှာတော့ ဘတ် ၂၅၀ ကောက်ခံပါတယ်။

အရင်က ဒီရွာတွေကို မသွားဖို့ လူမှုရေး အဖွဲ့အစည်းတွေက လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ရွာတွေကို ဧည့်သည်တွေ အသွားအလာ နည်းပါးလာသလို ဒီလိုလူတွေကို ပြစားတဲ့အတွက်  လူ့အခွင့်အရေး အဖွဲ့တွေက ထိုင်းအစိုးရကို ပြစ်တင်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ - Melanie Keyte/DVB

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013