DVB Logo
Home
မြန်မာသတင်း
ကဗျာဝကမ်းခြေရှိ ဆိုင်ခန်းများအား စနစ်တကျ ပြန်လည်နေရာချထားမည်
DVB
·
March 7, 2018
ကဗျာဝကမ်းခြေရှိ ဆိုင်ခန်းများအား စနစ်တကျ ပြန်လည်နေရာချထားမည်
1 / 3
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာမှာရှိတဲ့ ကဗျာဝကမ်းခြေက ဆိုင်ခန်းတွေကို စနစ်တကျ ပြန်လည်နေရာချထာဖို့ရှိတယ်လို့ သိရပါတယ်။

မတ်လ ၃ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ကမ်းခြေ သာယာလှပရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လာရောက်ပြီး ကမ်းခြေ သဘာဝဝန်းကျင်သန့်ရှင်းရေးနဲ့ ထိန်းသိမ်းရေးကော်မတီနဲ့ တွေ့ဆုံမှာကြားခဲ့တာပါ။

ကဗျာဝကမ်းခြေ သဘာဝဝန်းကျင်သန့်ရှင်းရေးနဲ့ ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက “ဆိုင်ခန်းဆောက်လုပ်မှု လျာထားပုံစံကို အစိုးရဖွဲ့ကို တင်ပြရမယ်။ စီမံချက်ဝင် ဆိုင်ခန်းတွေအပြင် ကျူးကျော်ဆိုင်ခန်းတွေ ထပ်မံမဖြစ်ပွားအောင် ကြီးကြပ်ဖို့၊ ကော်မတီခွင့်ပြုချက်မရှိ ဆောက်လုပ်ထားတဲ့ ကျူးကျော်ဆိုင်ခန်းတွေကို ဖျက်သိမ်းပြီး ပြန်လည်တင်ပြဖို့နဲ့ အမှိုက် စနစ်တကျ စွန့်ပစ်ရေးတို့အတွက် မှာကြားခဲ့ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အမှိုက်စွန့်ပစ်မယ့်နေရာအတွက် ကျပ်သိန်း ၁၀၀ ရန်ပုံငွေချထားပေးမှာဖြစ်ပြီး မြေနေရာ ဝယ်ယူကာ စနစ်တကျ စွန့်ပစ်စေရေး ဆောင်ရွက်ဖို့၊ ယာဉ်ရပ်နားရန် နေရာစီမံဆောင်ရွက်ဖို့နဲ့ ကမ်းခြေအနီးမှာရှိတဲ့ချောင်းကို ပြန်လည်တူးဖော်ပြီး အဲဒီချောင်းရဲ့အနောက်ကို ဆိုင်ခန်းတွေ ရွှေ့ထားဖို့ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

“လာရောက်လည်ပတ်ကြတဲ့ ခရီးသွားများကို အနှောင့်အယှက်ဖြစ်စေတဲ့ ဧည့်ခေါ်ယူတာ တွေကိုလည်း မိမိဆိုင်ရှေ့ ၁၀ ပေအတွင်းသာခေါ်ယူစေမယ်၊ ကမ်းခြေကို သွားရောက်ရ လွယ်ကူစေဖို့ လမ်းညွှန်ဆိုင်းဘုတ်တွေ တပ်ဆင်သွားဖို့လည်း ရှိပါတယ်'' လို့ ဦးအောင်ကိုကိုက ပြောပါတယ်။

အခါကြီးရက်ကြီးတွေမှာ လူပေါင်း ထောင်နဲ့ချီ လာရောက်လည်ပတ်ကြလေ့ရှိတဲ့ အဲဒီကဗျာဝကမ်းခြေကို ရေးမြို့ကနေ ၄၅ မိနစ်ခန့် ကတ္တရာလမ်းအတိုင်း သွားလာနိုင်မှာဖြစ်ပြီး လုပ်ငန်းရှင်အချို့က မြေနေရာ ဝယ်ယူထားကာ ဟိုတယ်တွေ ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

အရင်အစိုးရလက်ထက်က ကဗျာဝကမ်းခြေကို အပန်းဖြေကမ်းခြေစီမံကိန်းတခုအဖြစ် ကုမ္ပဏီတခုက ဒေါ်လာ ၁၂ သန်း ကနဦး ရင်းနှီးမြှုပ်နှံပြီး အဆင်မြင့်အခန်း ၁၂၀ အပါအဝင် ဘန်ဂလိုတွေ၊ ရုံးခန်းတွေ၊ ကားရပ်နားရန် နေရာတွေ၊ ရေကူးခန်းတွေ၊ စားသောက်ခန်းတွေ ပြုလုပ်ဖို့ ပြောထားပေမယ့်  အကောင်အထည်ဖော် ဆောင်ရွက်တာ မရှိသေးပါဘူး။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013