
အာဆင်နယ် ခြေချော်သွားတာကို အခွင့်ကောင်းယူပြီး ချဲလ်ဆီးကို (၃-၀) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့ရဲ့ကစားသမားတွေကို အကျိုးဆက်တွေအပေါ် အလွန်အမင်း မတွေးဘဲ စိတ်အေးအေးထားကစားဖို့ မှာကြားခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် မန်စီးတီးဟာ အာဆင်နယ်နဲ့ ၆ မှတ်အကွာကို ရောက်လာသလို ပွဲကြွင်းတပွဲလည်း ကစားဖို့ ကျန်နေပါသေးတယ်။
နည်းပြဂွါဒီယိုလာက “အာဆင်နယ်ဟာ အကောင်းဆုံးအသင်း ဖြစ်ပေမဲ့ အခုတော့ ကျနော်တို့ အတွက်ရော သူတိုအတွက်ပါ ဖိုင်နယ်ပွဲလိုဖြစ်မဲ့ ထိပ်တိုက်တွေ့ဆုံပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားမယ်” လို့ ပြောပါတယ်။
လာမဲ့တနင်္ဂနွေနေ့မှာ ကစားရမဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဟာ ချန်ပီယံဆုအတွက် တိုက်ရိုက်အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။










