DVB Logo
Home
မြန်မာသတင်း
YBS ၇၈ ယာဉ်လိုင်း စတင်ပြေးဆွဲ
DVB
·
February 18, 2018
YBS ၇၈ ယာဉ်လိုင်း စတင်ပြေးဆွဲ
Donate to DVB

လူထုမိတ်ဆွေကုမ္ပဏီကနေ ယာဉ်အစီးရေ ၅၀ နဲ့ YBS ၇၈ ယာဉ်လိုင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဒီနေ့ စတင်ပြေးဆွဲနေပါတယ်။

YBS ၇၈ ယာဉ်လိုင်း စတင်ဖွင့်လှစ်တဲ့ ဒီနေ့မှာ အခမဲ့ပြေးဆွဲပေးနေပြီး အမျိုးသမီးယာဉ်မောင်းအကူ ၂ ဦး ပါဝင်ပြေးဆွဲနေတာပါ။

YBS ၇၈ ယာဉ်လိုင်း ပြေးဆွဲမယ့်ခရီးစဉ်ကတော့ တညင်းကုန်းဘူတာဈေးကြီးမှ တညင်းကုန်းလမ်းဆုံ၊ ဖော့ကန်၊ ဘိုကုန်း၊ အင်းစိန်ပန်းခြံ၊ သမိုင်းလမ်းဆုံ၊ လှည်းတန်း၊ မြေနီကုန်း၊ စံပြ၊ မဟာဗန္ဒုလလမ်း ဆူးလေ ဘူတာကြီး ဂိတ်တွေဖြစ်ပြီး အပြန်ကတော့ အနော်ရထာလမ်းမှ လာရာလမ်းအတိုင်းဖြစ်ပါတယ်။

အဲဒီကားတွေဟာ Foton အမျိုးအစား တရုတ်နိုင်ငံထုတ် ယာဉ်အသစ်တွေ ဖြစ်ပါတယ်။

ရဟန်း၊ သံဃာ၊ သီလရှင်၊ သက်ကြီးရွယ်အို၊ ကျန်မားရေးချို့တဲ့သူ၊ မသန်စွမ်းသူတွေအတွက် ယာဉ်စီးခ အခမဲ့ဖြစ်တယ်လို့ လူထုမိတ်ဆွေကုမ္ပဏီရဲ့တာဝန်ခံဖြစ်သူ POWER Eleven ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတရုတ်လေးက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

မကြာခင်မှာလည်း YBS ၉၃ ယာဉ်လိုင်းကို အနောက်ပိုင်းတက္ကသိုလ်ကနေ ပုဇွန်တောင်၊ လမ်း ၅၀ နဲ့ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ယာဉ်လိုင်းတွေ တိုးချဲ့ပြေးဆွဲတဲ့အပေါ် ခရီးသည်တွေ ပိုအဆင်ပြေပြီး၊ မြို့ထဲအထိ ပြေးဆွဲတဲ့အတွက် အရင်ထက်ပိုအဆင်ပြေတယ်လို့ ခရီးသည်တဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ YBS ကုမ္ပဏီ ၂၂ ခုရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က YBS တစ်နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုထားပြီး လူထုမိတ်ဆွေကုမ္ပဏီက အခုလမှစတင်ပြေးဆွဲတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းပေါင်း ၉၀ ကျော်ရှိပြီး ယာဉ်အစီးရေ ၅၃၀၀ ကျော်နဲ့ ပြေးဆွဲနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013