DVB Logo
Home
မြန်မာသတင်း
သံခေတ်ယဉ်ကျေးမှုနေရာတွင် တရားမဝင် တူးဖော်မှုများ မပြုလုပ်ရန် တားမြစ်
DVB
·
February 17, 2018
သံခေတ်ယဉ်ကျေးမှုနေရာတွင် တရားမဝင် တူးဖော်မှုများ မပြုလုပ်ရန် တားမြစ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း သံခေတ်ယဉ်ကျေးမှုနေရာမှာ တရားမဝင် တူးဖော်တာတွေ မပြုလုပ်ဖို့ တာဝန်ရှိသူတွေက တားမြစ်လိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးအမြန်ကားလမ်း မိုင်တိုင် ၃၂၉/၇ အနီးတစ်ဝိုက်ရှိ မြေနေရာကို မသမာသူတွေက တရားမဝင်တူးဖော်ခိုးယူနေကြောင်း သတင်းအရ ရှေးဟောင်း သုတေ သနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့လက သွားရောက်စစ်ဆေးခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ကွင်းဆင်းစစ်ဆေးခဲ့တဲ့နေရာဟာ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာပိုင် နွားစားကျက်မြေနေရာဖြစ်ပြီး အမြန်လမ်းဖောက်လုပ်ခဲ့စဉ် မြေတူးဖော်သယ်ယူရာမှ အခုအခါ ရေကန်အဖြစ်တည်ရှိနေပြီး ရေတိုက်စားပြိုကျရာမှ ရှေးဟောင်း ဝတ္ထုပစ္စည်းအချို့ ထွက်ပေါ်လာလို့ မသမာသူများ ဆက်လက်တူးဖော်ခိုးယူနေတာလို့ ဆိုပါတယ်။

အဆိုပါနေရာမှာ လူအရိုးတွေ၊ သွားတွေ၊ မြေထည်ပစ္စည်းတွေ၊ သံလက်နက်အပိုင်းအစများ တွေ့ရှိခဲ့လို့ ပဒေါင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားတာပါ။

စစ်ဆေးချက်အရာ အဲဒီနေရာဟာ ပျူခေတ် အစောပိုင်း သံခေတ်ကာလ ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ နေရာဖြစ်လို့ ထိုနေရာတွင် တရားမဝင် တူးဖော်တာတွေ မရှိစေဖို့ ပဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013