DVB Logo
Home
မြန်မာသတင်း
အမှိုက်ပုံ မီးမငြိမ်းသေး၍ နောက်ထပ်အမှိုက်ကား မဝင်ရန် ရပ်ကွက်နေပြည်သူများ တားမြစ်
DVB
·
May 25, 2017
အမှိုက်ပုံ မီးမငြိမ်းသေး၍ နောက်ထပ်အမှိုက်ကား မဝင်ရန် ရပ်ကွက်နေပြည်သူများ တားမြစ်
1 / 7
Donate to DVB

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ပိုင် နယ်မြေအတွင်းမှာ စည်ပင်က စွန့်ပစ်တဲ့ အမှိုက်ပုံ မီးလောင်နေတာ ၁ ပတ်လောက်ရှိပြီဖြစ်ပေမယ့် မီးငြိမ်းအောင် မငြှိမ်းသတ်နိုင်သေးတာကြောင့် မီးခိုးနဲ့ ညှော်နံ့တွေ ရပ်ကွက်တွေအတွင်း ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ရပ်ကွက်နေပြည်သူ ၁၀၀ ကျော်က အမှိုက်ပုံသွားရာလမ်းဖြစ်တဲ့ ရေကူးကန်လမ်းနဲ့ မြရတနာလမ်းထောင့်မှာ နောက်ထပ် အမှိုက်မပစ်စေရေးအတွက် အမှိုက်ကားတွေကို တားဆီးနေကြပါတယ်။

“အခုထိ မီးကို မသတ်နိုင်သေးဘူး။ ဒါပေမယ့် နောက်ထပ်လည်း မသတ်ဘူး။ ညှော်နံ့တွေက အခုထိ နံနေတယ်။ ရပ်ကွက်ထဲက လူတွေ လူကြီး၊ ကလေး၊ ဗိုက်ကြီးသည် မကျန်ဘူး။ အတော်ဒုက္ခရောက်နေတယ်။ ကျမတို့ရပ်ကွက်က ဆင်းရဲသားရပ်ကွက်။ လက်လုပ်လက်စား များတယ်။ ဖြစ်လာရင် ဆေးရုံ ဆေးခန်းလည်း မတက်နိုင်ဘူး။ ကျမသားလေးဆို နားတွေ ရောင်နေတယ်”လို့ ချမ်းမြဝတီရပ်ကွက်မှ ဒေါ်ချိုက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအနေအထားမှာ အမှိုက်စွန့်ပစ်တဲ့ဧရိယာက ကျယ်ဝန်းတာကြောင့် မီးလောင်မှုက တငွေ့ငွေ့နဲ့ လောင်ကျွမ်းပျံ့နှံ့နေလို့ မီးငြှိမ်းသတ်နိုင်ဖို့လည်း ခက်ခဲနေပါတယ်။

ရပ်ကွက်နေ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက လာရောက်ကွင်းဆင်း ဆေးစစ်ပေးဖို့ မြို့နယ်စည်ပင်ကို တင်ပြထားတာ ၃ ရက်ရှိပြီဖြစ်ပေမယ့် ဒီနေ့ထိ ရောက်မလာသေးဘူးလို့ ချမ်းမြဝတီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုခင်မောင်ချင်းက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စည်ပင်၊ မီးသတ်တို့ သွားရောက်ကြည့်ရှုတာတွေ ပြုလုပ်နေပေမယ့် ထူးခြားမှု မရှိသေးတာကြောင့် မီးမငြိမ်းမချင်း နောက်ထပ် အမှိုက်စွန့်ပစ်တာကို လုံးဝ လက်မခံနိုင်ဘူးလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အမှိုက်ပုံ မီးလောင်ရာက ထွက်ပေါ်လာတဲ့ မီးခိုးနဲ့ ညှော်နံ့တွေက မြို့ပေါ်ရပ်ကွက် တော်တော်များများမှာ လေထုညစ်ညမ်းမှုတွေ ခံစားနေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013