DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတရားရုံး၌ တရက် မင်္ဂလာစုံတွဲ ၁၀ တွဲသာ လက်ခံသည့်သတင်း မဟုတ်မှန်ဟု ငြင်းဆို
DVB
·
January 19, 2018
ရန်ကုန်တိုင်းတရားရုံး၌ တရက် မင်္ဂလာစုံတွဲ ၁၀ တွဲသာ လက်ခံသည့်သတင်း မဟုတ်မှန်ဟု ငြင်းဆို
Donate to DVB

ရန်ကုန်တိုင်းတရားရုံးမှာ တရက်ကို မင်္ဂလာစုံတွဲ ဆယ်တွဲသာ လက်ခံတယ်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ပါတယ်။

တရားသူကြီးတွေရဲ့ တရားရေးဆိုင်ရာ အလုပ်တွေကို ဦးစားပေးဖို့အတွက် အဓိက လုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် အခုလို လက်မှတ်ထိုးတာကို အချိန်မပေးနိုင်ခဲ့တာပါလို့  ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စိုးခက်ခက်က ဒီဗွီဘီကို ပြောပါတယ်။

တခြားအလုပ်တွေ မရှိဘူးဆိုရင် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး တရက်ကို မင်္ဂလာစုံတွဲ ဆယ်တွဲသာ လက်ခံမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိတဲ့အကြောင်းနဲ့ မင်္ဂလာ လက်မှတ်ထိုးတဲ့ ကိစ္စက တရားရုံးရဲ့ လုပ်ငန်းတာဝန်တွေ မပါဘူးလို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် တရားရုံးအတွင်းမှာ တရားသူကြီးတွေအနေနဲ့ လုပ်ငန်းတာဝန် ပျက်ကွက်တာမျိုး ဖြစ်မှာစိုးတာကြောင့် မင်္ဂလာလက်မှတ်ထိုးတဲ့ကိစ္စကို ရုံးတွင်းစည်းကမ်းနဲ့ သတ်မှတ်တာလို့လည်း တိုင်းတရားရေးဦးစီးမှူးက ပြောပါတယ်။

မင်္ဂလာစုံတွဲတွေအနေနဲ့ တယောက်နဲ့တယောက် ရေရှည်လက်တွဲပြီး ဘဝတခု တည်ဆောက်တဲ့အခါမှာ ခိုင်မာမှုရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ တရားရုံးမှာ လာပြီး လက်မှတ်ထိုးလေ့ ရှိကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းတရားရုံးရဲ့ ခံ့ညားမှုကလည်း မင်္ဂလာစုံတွဲတွေ ဓာတ်ပုံရိုက်ချင်စရာ နေရာကောင်းတခုလည်း ဖြစ်နေတာပါ။

ဇန်န၀ါရီ ၁၈ ရက်နေ့ကတော့ တရားရုံးမှာ လက်မှတ်ထိုးတဲ့ မင်္ဂလာစုံတွဲတွေ လက်မှတ်ထိုးခွင့်ရဖို့ စောင့်နေရတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

အခု ရက်ပိုင်းကစပြီး တရားရုံးထဲမှာ မင်္ဂလာစုံတွဲတွေအနေနဲ့ အပြင်ဓာတ်ပုံဆရာ ခေါ်လာပြီး ဓာတ်ပုံရိုက်ခွင့်ကိုလည်း ကန့်သတ်ထားလိုက်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013