DVB Logo
Home
မြန်မာသတင်း
အန်ဂျီအိုအဖွဲ့အစည်းများ ကူညီထောက်ပံ့မှု စစ်တွေဒုက္ခသည်စခန်းများ ငြင်းဆို
DVB
·
September 3, 2017
အန်ဂျီအိုအဖွဲ့အစည်းများ ကူညီထောက်ပံ့မှု စစ်တွေဒုက္ခသည်စခန်းများ ငြင်းဆို
Donate to DVB

အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို နိုင်ငံတကာ အဖွဲ့အစည်းက လာရောက် အကူအညီတွေ ပို့ခဲ့ပေးမယ့် စစ်တွေမြို့ ဒုက္ခသည်စခန်းတွေက လက်မခံဘဲ ငြင်းဆိုလိုက်ကြပါတယ်။

နိုင်ငံတော်ရုံးတော်အတိုင်အပင်ခံရုံးက အန်ဂျီအို- အိုင်အန်ဂျီအိုစတဲ့ ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ အပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အသီးအသီးတို့ အန်ဂျီအို- အိုင်အန်ဂျီအို နိုင်ငံတကာကူညီပေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်က ထွက်သွားဖို့စတဲ့အချက်တွေကြောင့် လက်မခံဖို့ ငြင်းဆိုလိုက်တာလို့ အနောက်တခါးလှုမှုကယ်ဆယ်ရေးအဖွဲ့က အဖွဲ့ခေါင်း ဦးအောင်ဋ္ဌေးက ပြောပါတယ်။

“ကျနော်တို့ အိုင်အန်ဂျီတွေရဲ့ထောက်ပံ့မှုကို လက်မခံတာက ပထမအချက်အနေနဲ့ စစ်တွေမြို့ အပါအဝင် မြို့နယ်ပေါင်းစုံက ဆန္ဒထုတ်ဖော်ပြီးတော့ အိုင်အန်ဂျီအိုနဲ့ အန်ဂျီအိုတွေကို ရခိုင် ပြည်နယ်က နှင်ထုတ်ပေးဖို့စတဲ့ တောင်းဆိုချက်တခုရှိခဲ့ပါတယ်ခင်ဗျ။ အဲဒီအချက်က ဘာဖြစ်လို့ ဆိုတော့ အကြမ်းဖက်သမားတွေ နေရာမှာ အန်ဂျီအို- အိုင်အန်ဂျီအိုတွေ ထောက်ပံ့ ပစ္စည်းတွေ တွေ့ရှိချက်အချက်ရယ်။ နောက်တခါ နိုင်ငံတကာ အထောက်ပံ့တွေနဲ့ လှုပ်ရှားလို့ တွေ့ရှိလာတာကြောင့် ကျနော်တို့ ဒေသခံတွေက အန်အန်ဂျီတွေနဲ့ ဆက်ဆံမှု လုံးဝမလုပ်ဘူး။ ထောက်ပံပစ္စည်းတွေလည်း လုံးဝလက်မခံဘူးဆိုတော့ ဆုံးဖြတ်လိုက်ကြပါတယ်။”

အစွန်းရောက် အကြမ်းဖက်မှုတွေကြောင့် ရောက်ရှိလာတဲ့သူတွေအနေနဲ့ အန်ဂျီအို စတဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေကို လုံးဝလက်မခံဘူးဆိုတဲ့ လူထုရဲ့ဆုံးဖြတ်ချက်နဲ့ အခုလို ကူညီထောက်ပံ့ပစ္စည်းတွေမယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အိုင်အန်ဂျီ- အန်ဂျီတွေက ဘုန်းတော်ကြီးကျောင်းတွေကို မနေ့က စားနပ်ရိက္ခာတွေ လာရောက် ပေးပို့ခဲ့မယ့် ဒုက္ခသည်စခန်းတွေက အဖွဲ့အစည်းတွေရဲ့ဆုံးဖြတ်အချက်နဲ့ အဲဒီပစ္စည်းတွေကို လက်မခံဘဲပြန် ပေးလိုက်တာပါ။

သြဂုတ်လ ၂၅ ရက်နေ့ စတင်ဖြစ်ပွားခဲ့တဲ့အကြမ်းမှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ သူတွေ ဒီကနေ့အချိန်အထိ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်းမှာဒုက္ခသည်၂၀၀၀ ကျော် အထက်ရှိနေပြီး လတ်တလော စားဝတ်နေရေးနဲ့ပတ်သက်လို့ အလှူရှင်တွေက ငွေကြေးလှူဒါန်မှုနဲ့ ကူညီဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ အန်ဂျီအို- အိုင်အန်ဂျီအိုတွေကို ဒီဗွီဘီက ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013