DVB Logo
Home
မြန်မာသတင်း
မိုင်းတုံတွင် တရားမ၀င်သစ်တင်လာသည့် ကားတစီး တိမ်းမှောက်၊ ၁ ဦးသေ
DVB
·
January 6, 2018
မိုင်းတုံတွင် တရားမ၀င်သစ်တင်လာသည့် ကားတစီး တိမ်းမှောက်၊ ၁ ဦးသေ
Donate to DVB

မိုင်းတုံမြို့နယ်​ မိုင်းတုံ/တာဆန်းသွားကားလမ်း ကီလိုမီတာ (၂၃၁/၂၃၂) အကြားမှာ ဇန်​နဝါရီ ၅ ရက်​ နေ့လယ်ပိုင်းက မိုင်းတုံဘက်​ကို ယာဉ်​​မောင်းစိုင်း​ပေါင်​ဝမ်း(ဘ)ဦးစိုင်း​ဇော်​ဦး ​မောင်းနှင်​ပြီး ယာဉ်​​နောက်​လိုက်​ ယားပါ(ခ)ဖိုး​ဇော်​လိုက်​ပါလာတဲ့ ဒိုင်​နာယာဉ်​တစီး ချောက်ထဲ ထိုးကျပြီး ယာဉ်နောက်လိုက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သတင်းရရချင်း နယ်​ထိန်းအဖွဲ့နဲ့အတူ အခင်းဖြစ်​​နေရာကိုသွားခဲ့တယ်​။ ဒိုင်​နာယာဉ်​ကဘရိတ်​​ပေါက်​ပြီး ထိုးကျသွားခဲ့တာ​ကြောင့် ယာဉ်​​မောင်း​ဘေးခုံမှာ လိုက်​ပါလာတဲ့ ယာဉ်​​နောက်​လိုက်​က နဖူးပွန်းပဲ့ဒဏ်​ရာ၊ မျက်​ခုံးနှစ်​ဘက်​ကြားညိုမဲ၊ ဘယ်​ဘက်​မျက်​လုံး​ အောက်​ညိုမဲ၊ ဘယ်​ဖက်​တင်​ပါးဆုံ အထက်​ ၄ လက်​မလောက် ပြတ်​ရှဒဏ်​ရာ ၂ ချက်​ရပြီး​ နေရာမှာတင်​​သေဆုံးခဲ့တယ်​။ ယာဉ်​​မောင်းက​တော့ ဘယ်​ဘက်​ပခုံးပွန်းပဲ့ဒဏ်​ရာ တစ်​ချက်​ပဲ ရခဲ့တယ်​။ သစ်​တင်​လာတဲ့ ကားဖြစ်​ပါတယ်​” လို့ မိုင်းတုံမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးသန်းလွင်​က ​ပြောပါတယ်။

အဆိုပါယာဉ်​အနီး တရားမဝင်​တင်​​ဆောင်​လာတဲ့ ပိ​တောက်​သစ်​ခွဲသားဆိုဒ်​စုံ ၂၅ တုံး ၂ ဒသမ ၃၀၂၈ တန်​လောက် ပြန့်​ကျဲ​နေပြီး အရှိန်​မထိန်းနိုင်​ဘဲ​ ချောက်​ထဲထိုးကျခဲ့တာဖြစ်​ပါတယ်​။

မိုင်းတုံမြို့မရဲစခန်းက စိုင်းပေါင်ဝမ်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ပြင်းထန်ဒဏ်ရာရရှိမှု၊ လူသေမှု ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၇၇/၃၀၄ တို့နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။

အောင်​​ဇေယျ(မိုင်းတုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013