DVB Logo
Home
မြန်မာသတင်း
မိုင်းတုံတွင် မှတ်ပုံမတင်ထားသည့် ဆေးဝါးများနှင့် ဆေးဝါးအတုများ လိုက်လံစစ်ဆေး
DVB
·
September 14, 2017
မိုင်းတုံတွင် မှတ်ပုံမတင်ထားသည့် ဆေးဝါးများနှင့် ဆေးဝါးအတုများ လိုက်လံစစ်ဆေး
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း မှတ်ပုံမတင်ထားတဲ့ ဆေးဝါးအတုတွေ၊ စံနှုန်းမညီတဲ့ ဆေးဝါးတွေ ရောင်းချနေမှု ရှိမရှိနဲ့ အများပြည်သူ သိရှိနိုင်စေဖို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ကမိုင်းတုံမြို့နယ်အတွင်းရှိ ဆေးဆိုင်ပေါင်း ၁၅ ဆိုင်လောက်ကို စက်တင်ဘာ ၁၃ ရက်က စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

“အရင်နှစ်ကတည်းက သုံးစွဲဖို့မသင့်တဲ့ ဆေးဝါးတွေ ရောင်းချမှုမရှိစေရေး သတိပေး ပညာပေးဆောင်ရွက်ထားခဲ့တာပါ၊ လက်ရှိအခြေအနေအရ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ညွှန်ကြားထားတဲ့ ဆေးဝါးတွေရောင်းချနေမှု ရှိမရှိ အဖွဲ့စုံနဲ့ လိုက်လံစစ်ဆေးခဲ့တာပါ" လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောမတ်က ပြောပါတယ်။

မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့ ဦးဆောင်ပြီး အကောက်ခွန်၊ စည်ပင်၊ ကျေးလက်ကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းပြီး ဆေးဆိုင်တဆိုင်ချင်းစီကို အသေးစိတ်လိုက်လံစစ်ဆေးခဲ့ရာ ကြော်ငြာထားတဲ့ ဆေးဝါးအတုနဲ့ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေ စစ်ဆေးတွေ့ရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

“ဆေးဆိုင်တွေမှာ ညွှန်ကြားချက်ပါ ဆေးဝါးတွေရောင်းရင် ဥပဒေအရ အရေးယူခံရမယ်ဆိုတာ ယခင်ကတည်းက သက်ဆိုင်ရာကျန်းမာရေးအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်ကို ညွှန်ကြားထားခဲ့လို့ ခုလိုစစ်ဆေးရာမှာ လိုက်နာဆောင်ရွက် ထားတယ်လို့ ယူဆရပါတယ်” လို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းဆန်းဝင်းက ဆိုပါတယ်။

အရင်နှစ်က ခုလိုလိုက်လံစစ်ဆေးရာမှာ နိုင်ငံခြားဆေးမျိုးစုံနဲ့ မြန်မာတိုင်းရင်းဆေးအချို့ စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်တကြိမ် ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရင် ဥပဒေအရ ထိရောက်စွာ အရေးယူခံရနိုင်တယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဝန်ထမ်း အကြီးအကဲတွေက အမြဲ သတိပေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013