
စကော့တလန် အသင်းခေါင်းဆောင် ရောဘတ်ဆန်ဟာ အသင်းရဲ့ ပရိသတ်တွေအတွက် ယုံကြည်မှုနဲ့ ပျော်ရွှင်မှုတွေ ပြန်ပေးနိုင်ဖို့ ကစားသမားတိုင်းမှာ တာဝန်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
ပရိသတ်တွေ အားရကျေနပ်လောက်တဲ့ ခြေစွမ်းနဲ့ ရလဒ်ကောင်းတွေကို ဖန်တီးပြသဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ရောဘတ်ဆန်ကတော့ အသင်းအနေနဲ့ ပရိသတ်တွေ ဂုဏ်ယူနိုင်မဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ ပြင်ဆင်ရမှာဖြစ်ပြီး ကစားသမားတွေဘက်ကလည်း တာဝန်ယူမှုအပြည့်နဲ့ ယှဉ်ပြိုင်သွားရမယ်လို့ ထောက်ပြခဲ့ပါတယ်။
စကော့တလန် ပရိသတ်တွေရဲ့ အားပေးမှုကို ထိုက်ထိုက်တန်တန် တုံ့ပြန်နိုင်ဖို့ အားလုံး စုစည်းမှုရှိရှိ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။











