DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်လုပ်ရမည်ဟု တောင်သူများထံမှ ငွေလိမ်သွားသူကို အမှုဖွင့်
DVB
·
December 31, 2017
ထိုင်းတွင် အလုပ်လုပ်ရမည်ဟု တောင်သူများထံမှ ငွေလိမ်သွားသူကို အမှုဖွင့်
Donate to DVB

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာမှာ အောက်တိုဘာလက ပြည်ပအလုပ်အကိုင်ရမည်ဆိုပြီး တောင်သူ ၁၄ ဦးဆီက ငွေလိမ်လည်တောင်းယူသူကို အရေးယူပေးဖို့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။

မင်းဘူး/စကုမြို့နယ် သီးကုန်းကျေးရွာက လှဆန်းဆိုသူဟာ စစ္စနို့ကျေးရွာရှိ တောင်သူ ၁၄ ဦးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သစ်သီးစက်ရုံ ကုမ္ပဏီမှာ အလုပ်လုပ်ပါက ၁ လကို ၅ သိန်းလောက် ရမယ်လို့ ပြောဆိုကာ  တဦးကို ငွေ ၃ သိန်းခွဲ တောင်းခံခဲ့ပြီးနောက် ရန်ကုန်ကို ခေါ်ဆောင်လာခဲ့တယ်လို့ ငွေအလိမ်ခံခဲ့ရာမှာ ပါဝင်တဲ့ ဦးခင်မောင်မျိုးက ပြောပါတယ်။

ရန်ကုန်ရောက်ပြီး ငွေ ၃ သိန်းခွဲ ထပ်တောင်းကာ မြ၀တီမြို့ကို ခေါ်လာပြီး အိမ်တအိမ်မှာ ၁ လလောက် နေထိုင်စေခဲ့ပြီးနောက် တိမ်းရှောင်သွားခဲ့လို့ လှစန်းကို အရေးယူပေးဖို့ မင်းလှမြို့မ ရဲစခန်းကို တိုင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

မင်းလှမြို့မရဲစခန်းက လှစန်းကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ-၂၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မင်ထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013