DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမတဦး ရေမြောင်းထဲ သေဆုံး
DVB
·
May 12, 2017
ထိုင်းတွင် မြန်မာအလုပ်သမတဦး ရေမြောင်းထဲ သေဆုံး
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်ခရိုင် ကထုပန်မြို့ ဖစ်ကဆိမ်လမ်းထဲမှာ  မေ ၁၁ ရက်နေ့ညက    မြန်မာအလုပ်သမတဦး  ရေမြောင်းထဲ ပြုတ်ကျသေဆုံးသွားတယ်လို့  အေအေစီ မဟာမိတ် အလုပ်သမားကူညီရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၇ နှစ်ရွယ် မသန္တာမြင့်ဆိုသူဖြစ်ပြီး  အုန်းနွဲ့ရပ်ကွက် ရှိဆိုဖာချုပ် စက်ရုံတခုမှာ အလုပ်လုပ်နေကြောင်း၊  မေလ ၁၁ ရက် ည ၈  နာရီေ ကျာ်အချိန်က  လမ်းထိပ်မှာခေါက်ဆွဲသွားဝယ်မယ်ဆိုပြီး  စက်ဘီးတစီးနဲ့ ထွက်သွားရာ မှာ  ၉ နာရီကျော်ထိ ပြန်မလာလို့ သူငယ်ချင်းတွေက လိုက်ရှာရင်း မြောင်းထဲမှာ သေဆုံးနေတဲ့အလောင်းကို တွေ့ရတာလို့ အေအေစီမဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြော ပါတယ်။

“၉ နာရီလောက်မှာ သူ့သူငယ်ချင်းတွေက လိုက်ရှာတော့ ရေမြောင်းထဲမှာ သေဆုံးနေ တာတွေ့ရတယ်၊ မြောင်းက ဆယ်ပေလောက်ကျယ်ပြီး လူတရပ်စာလောက်နက်တယ်၊  သူ့ရဲ့စက်ဘီးကတော့ အုတ်ခုံပေါ်မှာ လူကတော့ ရေမြောင်းထဲမှာ၊  ဒဏ်ရာကြီးကြီးမားမားမရှိဘူး၊ ခြေထောက်မှာ ပွန်းပဲ့ရာနည်းနည်းပဲ။ တချို့ပြောတာကတော့ အခင်းမဖြစ်ခင် အဲဒီနားမှာ ရန်ဖြစ်တဲ့အသံ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အသံကြားရတယ်လို့လည်းပြောတယ်၊ တချို့ကျတော့လည်း ကားကတိုက်ပြီး ထွက်ပြေးသွားတယ်၊ မြောင်းထဲပြုတ်ကျပြီးသေတယ်လို့ လည်းပြောတယ်။  ဒဏ်ရာက ပွန်းပဲ့ရုံလေးဆိုတော့ တယောက်ယောက်က တွန်းချလိုက်တာ လား၊ မြောင်းရဲ့အုတ်နံရံနဲ့တိုက်မိတာလား၊ ကားတိုက်မိပြီး ပြုတ်ကျသွားသလား အမျိုးမျိုးစဉ်းစားရ ခက်နေကြတယ်ပေါ့။”

သူသေဆုံးရတာနဲ့ ပတ်သက်ပြီး  အခင်းဖြစ်ပွားတဲ့  နယ်မြေ ကထုပန်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားကာ အလောင်းကိုတော့ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးဖို့ ဘန်ကောက်ဆေးရုံကြီး ပို့လိုက်ပြီလို့ ဆိုပါတယ်။

သူမရဲ့ မိဘဆွေမျိုးတွေရောက်လာပြီး အမှုကိစ္စတွေပြီးပြတ်ရင် အေအေစီမဟာမိတ် အဖွဲ့ကပဲ ကမကထပြုကာ သူမရဲ့အလောင်းကို သင်္ဂြိုဟ်ပေးသွားမယ်လို့ ကိုရဲမင်းက ပြော သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013