DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းသမားများကို မိသားစုနှင့် တွေ့ခွင့်မပေးမှု လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်
DVB
·
December 21, 2017
ဖမ်းဆီးခံသတင်းသမားများကို မိသားစုနှင့် တွေ့ခွင့်မပေးမှု လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်
Donate to DVB

ရိုက်တာ သတင်းသမား ၂ ဦးကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပေးတာဟာ လူ့အခွင့်အရေး ချိုးဖောက်ရာကျတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

သတင်းထာက် ၂ ဦးဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ကိုပြန်ရောက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တရားမဝင်ချည်းကပ်ပြီး သတင်းအချက်အလက်ရယူခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အစိုးရလှို့ဝှက်ချက်များ ဥပဒေနဲ့ တရားစွဲ ဆိုခံထားရတဲ့ရိုက်တာ သတင်းဌာနက သတင်းထောက် ကိုဝလုံး(ခေါ်) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး(ခေါ်) ကိုမိုးအောင်တို့ဟာ ဒီဇင်ဘာ ၁၂ နေ့ညကတည်းက ထောက်ကြန့်ရဲစခန်းကနေ ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေ ရှေ့ နေတွေနဲ့ သက်ဆိုင်ရာ သတင်းဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ ဆုံခွင့်မရသေးတာနဲ့ ပက်သက်ပြီး ဦးယုလွင်အောင်က ပြောဆိုခဲ့တာပါ။

“ဘာပုဒ်မနဲ့ ဘယ်လိုပဲ အရေးယူထားထား တရားစွဲဆိုခံထားပြီဆိုကတည်းက သက်ဆိုင်ရာ ရှေ့နေတွေနဲ့ တိုင်ပင်ရမယ်။ ပြီးတော့ မိသားစုဝင်တွေနဲ့လည်း တွေ့လို့ရရမှာပေါ့။ ဘာဘဲဖြစ်ဖြစ် ခုချိန်ထိ တွေ့ခွင့်မရသးတာဟာ လူ့အခွင့်ရေးဘက်က ကြည့်ရင်တော့ ချိုးဖောက်ခံရတာပါ။ သက်ဆိုင်ရာက တာဝန်ရှိသူတွေ ဒီအချက်ကို သတိပြုနိုင်ဖို့ ကျနော်တို့ အနေနဲ့ တွေ့ ခွင့်ရအောင် တိုက်တွန်းထားပါတယ်” လို့ ဦးယုလွင်အောင်က ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ဦးနဲ့ ပက်သက်ပြီး အမြန်ဆုံးပြန်လွှတ်ပေဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း တောင်းဆိုထားပါတယ်။

သတင်း၊ဓာတ်ပုံ-ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013