DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းသမားများလွတ်မြောက်ရေး မစ္စယန်ဟီးလီးနှင့်တွေ့ဆုံဆွေးနွေး
DVB
·
July 14, 2017
ဖမ်းဆီးခံသတင်းသမားများလွတ်မြောက်ရေး မစ္စယန်ဟီးလီးနှင့်တွေ့ဆုံဆွေးနွေး
Donate to DVB

ဒီဗွီဘီသတင်းထောက် ၂ ဦးအပါအ၀င် ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကိစ္စနဲ့   မြန်မာ့မီဒီယာလောကရဲ့ လက်ရှိအခက်ခဲတွေကို နိုင်ငံတော်အကြီးအကဲတွေနဲ့တွေ့ရင် ထည့်သွင်းဆွေးနွေးပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ယန်ဟီးလီနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ မြန်မာသတင်း မီဒီယာကောင်စီတို့ဇူလိုင်လ ၁၃ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်း မှာတွေ့ဆုံ စဉ် အခုလို ထည့်သွင်းဆွေးနွေးခဲ့တာပါ။

မစ္စယန်ဟီးလီကိုတွေ့ဆုံခဲ့တဲ့  သတင်းမီဒီယာ ကောင်စီ  ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက “သတင်းမီဒီယာလောက တခုလုံးအနေနဲ့ တွေ့ကြုံနေရတာကိုလည်း ရှင်းပြတယ်။ သတင်းထောက်တွေအနေနဲ့ တွေ့ကြုံနေရတဲ့ ပြဿနာ အခက်အခဲကိုလည်း ရှင်းပြပါတယ်။ နောက် ဒီနေ့ သတင်းမီဒီယာသမားတွေအပေါ်မှာ အရေးယူထားတဲ့ ကိစ္စတွေကို ကျနော်တို့ ရှင်းပြပေးပါတယ်။ ကျနော်တို့ရဲ့ စိုးရိမ်မှုတွေ အားလုံးကို တချက်လောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရော၊ သူတွေ့တဲ့ တခြားပုဂ္ဂိုလ်တွေကိုရော ပြောပေးပါလို့။ နောက်ကျနော်တို့ကိုလည်း လက်ခံတွေ့ပါလို့ ကျနော်တို့ ရှင်းပြချင်တာတွေ အခုထက်ထိ ရှင်းပြခွင့်မရသေးပါဘူး။ ဒီအစိုးရ လက်ထက်မှာလေ။ နိုင်ငံ့အကြီးအကဲ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေကို တယောက်မှ တွေ့ခွင့်မရ သေးဘူး။ အဲဒါကိုလည်း ပြောလိုက်ပါတယ်” လို့ပြောပါတယ်။

ဒါ့အပြင် သတင်းသမားတွေကို ခြိမ်းခြောက်နေတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ဃ၊ နဲ့ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) တို့နဲ့ ပတ်သက်ပြီးလည်း  ဆွေးနွေးခဲ့တယ်လို့ ဆို သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောကပြောပါတယ်။

ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းဌာနက သတင်းထောက် ၃ ဦး မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ အရေးယူခံထားရတဲ့ကိစ္စနဲ့၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သတင်းမီဒီယာသမားတွေ တွေ့ဆုံနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း  သတင်းမီဒီယာ ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

မစ္စယန်ဟီးလီနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ဟာ တတိယ အကြိမ်တွေ့ဆုံတာဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီလက လည်း တစ်ကြိမ်တွေ့ ဆုံခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013