DVB Logo
Home
မြန်မာသတင်း
သာယာဝတီတွင် ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
DVB
·
December 9, 2017
သာယာဝတီတွင် ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
Donate to DVB

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင် မြို့မြို့မ(၁)အထကကျောင်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ကမ္ဘာ့ခုခံအားကျဆင်းမူ ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနနဲ့ ခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါတယ်။

စေတနာအားမာန် ကျန်းမာရေး စောင့်ရှောက်မူအသင်း နာယက ဦးမန်းကြီးက “ကျနော်တို့ ဒီလိုပွဲတွေကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး နှစ်စဉ်ကျင်းပပါတယ်။ ဒီလိုပွဲတွေ ကျင်းပခြင်းအားဖြင့် HIV/AIDS ရောဂါအကြောင်းကို လူတိုင်းသိရှိပြီး ပါဝင်စောင့်ရှောက်ခြင်းအားဖြင့် ရောဂါကူးစက်ပြန့်ပွားနူန်း ကျဆင်းစေပြီးတော့ ခွဲခြားဆက်ဆံမူ ပပျောက်စေချင်တဲ့ဆန္ဒနဲ့ အခုလိုကျင်းပတာပါ။ လက်ရှိမှာလည်း ကျနော်တို့ စေတနာအားမာန်အဖွဲ့ကနေပြီး AIDS ရောဂါသည်တွေကိုလည်း စောင့်ရှောက်ထားပါတယ်။ အရင်ကဆို နိုင်ငံတော်က ဆေးဝါးထောက်ပံမူမရှိတဲ့အတွက် ကိုယ်အားကိုယ်ကိုးပြီး ဒီရောဂါသည်တွေကို စောင့်ရှောက်တယ်။ သာယာဝတီမြို့ကနေ ရန်ကုန်အထိ သွားရောက်ကူညီပေးတဲ့ ရောဂါသည် ၃၆၀ ရှိပြီး သာယာဝတီမြို့မှာတော့ ရောဂါသည် ၂၄၀ ခန့်ရှိပါတယ်။ သူတို့ကို ကျနော်တို့က ပြုစုခြင်းစောင့်ရှောက်ခြင်း၊ နေရာပေးခြင်းဆိုပြီး စောင့်ရှောက်ထားပါတယ်။ သူတို့ခန္ဓာကိုယ်ကျန်းမာလာချိန်ကာလနဲ့ သူတို့ရဲ့စားဝတ်နေရေး ပုံမှန်ပြန်လည်မတည်ဆောက်နိုင်သေးတဲ့ ကာလအထိ ကျနော်တို့ စောင့်ရှောက်ထားပါတယ်” လို့ ပြောပါတယ်။

အဆိုပါအခမ်းအနားမှာ ခရိုင်အထွေထွေအုပ်ချူပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့ခုခံအားကျဆင်းမူ ကူးစက်ရောဂါပိုး တိုက်ဖျတ်ရေးနေ့ မိန့်ခွန်းဖတ်ကြားခြင်း၊ သားဖွားမီးယပ်အထူးကုဆရာဝန်မှ မိခင်ကတစ်ဆင့်ကလေးသို့ HIV ရောဂါပိုးကူးဆက်ခြင်းနှင့် ကာကွယ်ခြင်းအကြောင်း ရှင်ပြခြင်း၊ ART ဌာနမှ ART ဌာနလုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခြင်း၊ ကမ္ဘာ့ခုခံအားကျဆင်းမူ တိုက်ဖျတ်ရေးနေ့ အခမ်းအနားအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြင့်ခြင်း၊ ကျောင်းသား/ကျောင်းသူတွေကို HIV/AIDSရောဂါနဲ့ ပတ်သတ်ပြီး ဉာဏ်စမ်းပဟေဠိ အမေးအဖြေများပြုလုပ်ပြီး ဆုပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ကျောင်းသားကျောင်းသူ ၂၀၀ လောက်နဲ့ ခရိုင်အဆင့် မြို့နယ်အဆင့်ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အင်အား ၃၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013