DVB Logo
Home
မြန်မာသတင်း
သာယာဝတီတွင် A(H1N1) အသိပညာပေးလက်ကမ်းစာစောင်နှင့် MASK များဖြန့်ဝေ
DVB
·
August 6, 2017
သာယာဝတီတွင် A(H1N1) အသိပညာပေးလက်ကမ်းစာစောင်နှင့် MASK များဖြန့်ဝေ
1 / 9
Donate to DVB

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သုံးဆယ်မြို့နဲ့ သာယာဝတီမြို့နယ်မှာ ရာသီတုပ်ကွေး A(H1N1) ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေဖို့အတွက် လူစည်ကားတဲ့ နေရာတွေမှာ ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်တွေနဲ့ နှာခေါင်းစည်းတွေ သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက ဝေငှခဲ့ကြပါတယ်။

သာယာဝတီမြို့နဲ့ သုံးဆယ်မြို့ ရှိဈေးတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးဦးစီးဌာနနဲ့ ဌာနဆိုင်ရာတွေ၊ သာယာဝတီ မြို့နယ်နဲ့ သုံးဆယ်မြို့မှ လူမူရေးအသင်းအဖွဲ့တွေပူးပေါင်းပါဝင်ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေနဲ့ နှာခေါင်းစည်း MASK ၅၀၀၀ ကျော်ဖြန့်ဝေခဲ့ကြတာပါ။
သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြင့်က “အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့က လာနိုင်တဲ့သူရှိသလို မလာနိုင်တဲ့သူလည်း ရှိပါတယ်။ ဒါကြောင့် အခုလို လူစည်ကားတဲ့နေရာတွေမှာ ရောဂါဖြစ်ပွား ခဲ့ရင် ဘယ်လို လုပ်ဆောင်ရမယ်။ မဖြစ်သေးရင် ဘယ်လို ကာကွယ်ရမယ် ဆိုတာတွေကို နားလည်အောင် ရှင်းပြပေးပြီး လက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း MASK ဝေတယ်။ ဒါ့အပြင် ကျောင်းတွေမှာလည်း ကလေးတွေကို အသိပညာပေးတဲ့ စာပေးဖတ်တာတဲ့စာရင် ဆရာဆရာမတွေအနေနဲ့ သင်ခန်းစာတခုလို သင်ကြားပေးရင် ကလေးတွေ ပိုမိုနားလည် သဘောပေါက်အောင် သင်ကြားပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ရာသီတုပ်ကွေး(H1N1)ရောဂါဟာ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့နေပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွေ၊ လက်ကမ်းစာစောင်ဝေတာတွေ၊ နှာခေါင်းစည်း(MASK)ဝေတာတွေ ပြုလုပ်နေပါတယ်။

ရာသီတုပ်ကွေးရောဂါကပ်အသွင် ဖြစ်ပွားတာကြောင့် တမ္ဘာလုံးအနေနဲ့ တစ်နှစ်ကို ဦးရေ ၃ သန်းကနေ ၅ သန်းအထိ ရောဂါပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၅၀,၀၀၀ ဦးမှ ၅၀၀,၀၀၀ ဦးအထိ နှစ်စဉ် သေဆုံးနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ A(H1N1) ရောဂါကြောင့် သြဂုတ် ၅ ရက်နေ့အထိ သေဆုံး ၁၅ ဦး ရှိပြီလို့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013