
ယီမင်နိုင်ငံ မူကလာမြို့ရဲ့ အရှေ့ဘက် ရေမိုင် ၁၃၆ မိုင်အကွာမှာ ရေနံတင်သင်္ဘောတစင်းကို လက်နက်ကိုင် ၆ ယောက်က စီးနင်းခဲ့ပြီး ဆိုမာလီယာဘက်ကို လမ်းကြောင်းပြောင်းသွားခဲ့တယ်လို့ သတင်းပေးပို့ချက် ရရှိခဲ့ကြောင်း ဗြိတိန် ရေကြောင်းကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့ (UKMTO) က ဩဂုတ် ၂၀ ရက်မှာ ပြောပါတယ်။
ယီမင် ရေပိုင်နက်ပြင်ပ အပြည်ပြည်ဆိုင်ရာရေပြင်ထဲမှာ အေဒင်ပင်လယ်ကွေ့အတိုင်း အနောက်ဘက်ကို ခုတ်မောင်းနေတဲ့ SIBU 1 လို့လည်း သိကြတဲ့ Seamull အမည်ရှိ ရေနံတင်သင်္ဘောဆီကို ခွင့်ပြုချက်မရှိတဲ့ သင်္ဘောတစင်း ချဉ်းကပ်လာခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် လက်နက်ကိုင် ၆ ယောက်က သင်္ဘောပေါ် တက်ရောက်စီးနင်းပြီး သင်္ဘောကို ထိန်းချုပ်ကာ ဆိုမာလီယာဘက်ကို မောင်းနှင်သွားခဲ့ပါတယ်။
သင်္ဘောနဲ့ သင်္ဘောသားတွေရဲ့ လုံခြုံရေးအခြေအနေ သို့မဟုတ် နောက်ဆက်တွဲ အသေးစိတ် အချက်အလက်တွေကိုတော့ UKMTO က ထပ်မံထုတ်ပြန်တာ မရှိသေးပါဘူး။
Source: Reuters











