DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် Transgender Day အခမ်းအနား ကျင်းပ
DVB
·
November 20, 2017
ကလေးမြို့တွင် Transgender Day အခမ်းအနား ကျင်းပ
Donate to DVB

အကြောင်းမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဆန့်ကျင်ဘက်လိင်လို ၀တ်စားဆင်ယင်သူ (Transgender) တွေအတွက် သတိရအောက်မေ့ခြင်း အခမ်းနားတရပ်ကို ကလေးမြို့ သိမ့်ခန်းမမှာ နိုဝင်ဘာ ၁၉ ရက်နေ့ညနေက ပြုလုပ်ခဲ့ပါတယ်။

“တနိုင်ငံလုံးအနေနဲ့ ကျင်းပမှာကတော့ နိုဝင်ဘာ ၂၀ ရက်မှာ ကျင်းပကြမှာ ဖြစ်ပေမယ့် ကျမတို့ ကလေးမှာတော့ တရက်ကြို ပြုလုပ်ခဲ့တယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုကျင်းပရသလဲဆိုတော့ ဒီအကြောင်းမဲ့ ခွဲခြားလိုမှုနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ Transgender လူအများ သိလာအောင် ဂရုပြုမိအောင် နောက်ပြီး အနာဂတ် လူ့သမိုင်းမှာ ဒီလို ကိစ္စတွေ ဆက်ပြီး မဖြစ်ပွားဖို့ တားဆီးကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ဒီနေ့ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်” လို့ Diversity for Love အဖွဲ့ရဲ့ တိုင်းဒေသကြီးတာဝန်ခံ စစ်ရိပ်က ပြောပါတယ်။

ဆန့်ကျင်ဘက်လိင်ကဲ့သို့ ၀တ်စားဆင်ယင်မှုများအပေါ် အကြမ်းဖက် သတ်ဖြတ်ခံရမှု အောက်မေ့ဖွယ်နေ့ဟာ ၁၉၉၈ ခုနှစ်က အမေရိကန်နိုင်ငံမှာ သြစတြေးလျသား အကြောင်းမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဆန့်ကျင်ဘက်လိင်လို ၀တ်စားဆင်ယင်သူ (Transgender ) တဦးဖြစ်တဲ့ ရီတာဟက်စတာ သတ်ဖြတ်ခံခဲ့ရတဲ့ နောက်နှစ်ကစပြီး ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ ယနေ့ထိ ၀မ်းနည်းဖြင်း သတိရခြင်းအခမ်းအနားတွေ လုပ်ခဲ့တာဟာ ၁၄ ကြိမ်ရှိပြီလို့လည်း သိရပါတယ်။

“၁၉၉၈ ကတည်းက Transgender တယောက် အကြောင်းမဲ့ သတ်ခံခဲ့ရတာကနေ ယနေ့ထိ စတင်ခဲ့တဲ့ ဒီအခမ်းအနားမှာ တကယ် ခွဲခြားမှုကနေ စခဲ့တာလို့ ဆိုလို့ရပါတယ်။ ဒါမျိုးတွေကို ကျမတို့ခေတ်မှာ နောက်ထပ် မဖြစ်စေချင်ဘူး။ ဒါကြောင့် ဒီပွဲမှာတက်ရောက် ဆုတောင်းပေးတာ” လို့ အမျိုးသမီးအကြမ်းဖက်ခံရမှုတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ WJ အဖွဲ့က မအားခူက ပြောပါတယ်။

အကြောင်းမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဆန့်ကျင်ဘက်လိင်လို ၀တ်စားဆင်ယင်သူ (Transgender ) တွေအနေနဲ့ ၂၀၀၈ ဇန်န၀ါရီကနေ ၂၀၁၇ စက်တင်ဘာလကုန်အထိ ၂၆၀၉ မှုထိ ရှိခဲ့ပြီး အဲဒီ အထဲကမှ သေနတ်နဲ့ပစ်သတ်ခံရမှု ၉၈၃ မှု၊ ဓားဖြင့် အသတ်ခံရမှု ၅၁၇ မှု နဲ့ ရိုက်သတ်ခံရမှု ၂၇၂ မှုထိ ရှိခဲ့တယ်လို့ Transrespect versus Transphobia Worldwide အဖွဲ့ရဲ့ သုသေတန စစ်တမ်းအရ သိရပါတယ်။

အကြောင်းမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဆန့်ကျင်ဘက်လိင်လို ၀တ်စားဆင်ယင်သူ (Transgender) တွေအတွက် အောက်မေ့ဖွယ်ကျင်းပတဲ့အခမ်းအနားမှာ ဆုတောင်းခြင်း၊ မီးဖယောင်းတိုင် ထွန်းညှိခြင်းနဲ့ မီးပုံးပျံ အလုံး ၃၀ ကျော် လွှတ်တင်ခဲ့ပြီး ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ အထက်ချင်းတွင်းဒေသလူငယ်ကွန်ရက်၊ NLD ချစ်သူများ၊ ကလေးအလင်းအဖွဲ့ နဲ့ မြို့ခံတွေ တက်ရောက်ခဲ့ကြပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013