DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးသမီးများနေ့ အခမ်းအနား ကျင်းပ
DVB
·
March 11, 2017
လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးသမီးများနေ့ အခမ်းအနား ကျင်းပ
1 / 7
Donate to DVB

“ပြောင်းလဲမှုကို ဖော်ဆောင်ဖို့ တို့အမျိုးသမီးများ ရဲရင့်စို့” ဆောင်ပုဒ်နဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနာကို ဒီကနေ့ လားရှိုးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

“ပွဲကို လုပ်တာက အမျိုးသမီးတွေ ပိုပြီး ရင်းရင်းနှီးနှီးဖြစ်စေချင်တယ်။ ပြောင်းလဲဖို့ အတွက်လည်း အမျိုးသမီးတွေ ရဲရင့်ဖို့လိုတယ်။ ဒီရှမ်းမြောက်မှာ တိုင်းရင်းသားအရမ်းများတယ်။ လူမျိုးစွဲတွေ အရမ်းများတယ်။ ပြီးတော့ အမျိုးသမီးတွေ တာဝန်ပေးနိုင်မှု ခေါင်းဆောင်မှုမှာ အရမ်းကို အားနည်းနေတယ်။ အဲဒါတွေကို ပြောင်းလဲဖို့အတွက် လွယ်တဲ့ ကိစ္စမဟုတ်ဘူး။ မလွယ်ပေမယ့် ဒါကျမတို့ရဲ့တာဝန်လို့လက်ခံတယ်။ ဒါတွေကို ပြောင်းလဲဖို့ ကိုယ့်ကိုယ်တိုင်စပြောင်းလဲရမှာ ဖြစ်တယ်” လို့ ရှမ်းမြောက်အမျိုးသမီးကွန်ရက် ဒါရိုက်တာ အယ်မေက ပြောပါတယ်။

အခမ်းအနားမှာ လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး အမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံအကြောင်း အချင်းချင်း ရင်းနှီးမိတ်ဆက်ခြင်းတွေ အမေးအခြေကဏ္ဍတွေ ပါဝင်ပါတယ်။

“အရင်ဆုံးတော့ အမျိုးသမီးတွေ ကိုယ့်ဆီမှာရှိတဲ့ လူမျိုးစွဲတွေ ဘာသာစွဲတွေ အဲတာတွေကို အရင်ဦးဆုံးလျှော့ရမယ်။ အဲတာတွေလျှော့ပြီးမှ အတူတူအလုပ်လို့ရမယ်။ ငါ့လူမျိုးအတွက် ငါ့ဘာသာအတွက် ဆိုတာမျိုးတွေ ရှိနေမယ်ဆိုရင် ဒါတွေ လုပ်ဖို့ ခက်လိမ့်မယ်။”

“အမျိုးသမီးတွေမှာ ရှိနေတဲ့ စွမ်းဆောင်ရေတွေကိုသာ နိုင်ငံတော်အဆင့်မှာသာ ထည့်သွင်းစဉ်းစားမယ်ဆိုရင် အမျိုးသမီးတွေဟာ နိုင်ငံနဲ့ အဆက်ဆံဆုံးပါပဲ။ အရည်အချင်းရှိမှ တက်လာခဲ့ဆိုတဲ့ဟာတွေက တကယ်သတ္တိကြောင်တယ်လို့ မြင်တယ်။ အရည်အချင်းရှိမှ တက်လာခဲ့ဆိုရင် အရည်အချင်းရှိဖို့ သူတို့မှာ အခွင့်အလမ်းမရခဲ့တာကို သူတို့ ထည့်တွက်သင့်တယ်။” လို့ သူက ဆက်ပြောပါတယ်။

မိမိတို့အမျိုးသမီးတွေက နိုင်ငံရေးတွေမှာပါဝင်ဖို့ လိုအပ်တဲ့အကြောင်း မပါဝင်နိုင်ဘူးဆိုရင် အခွင့်အလမ်းများ ပျောက်ဆုံးမှာ ဖြစ်ကြောင်း အယ်မေက ပြောပါတယ်။

ရှမ်းမြောက်မှာ နိုင်ငံရေး အမျိုးသမီး ခေါင်းဆောင်မှုတွေဟာ အလွန်နည်းပါး နေတယ်လို့ သိရပါတယ်။

နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013