
ရလဒ်ဆိုးတွေကြောင့် ဝေဖန်ခံနေရတဲ့ လီဗာပူးအသင်းရဲ့ နည်းပြအာနဲစလော့က သူ့အပေါ် အသင်းပိုင်ရှင်တွေနဲ့ တာဝန်ရှိသူတွေဘက်က အပြည့်အဝ ယုံကြည်ထောက်ခံထားဆဲဖြစ်ကြောင်း ထုတ်ဖော် ပြောလိုက်ပါတယ်။
မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် စလော့ရဲ့ အနာဂတ်အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာခဲ့တာပါ။
နည်းပြစလော့က "ကျနော်တို့ အားလုံးဟာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် အမြင်ချင်း တူညီကြပါတယ်။ ရလဒ်တွေ ဆိုးဝါးရတဲ့ အကြောင်းရင်းတွေကိုလည်း အားလုံးက သိမြင်နားလည်ကြပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် ရာသီကုန်မှာ ရောဘတ်ဆင်နဲ့ ဆာလာတို့ ထွက်ခွာသွားပေမဲ့လည်း အသင်းရဲ့ လူငယ်မြှင့်တင်ရေး မူဝါဒကို ပြောင်းလဲမှာမဟုတ်ဘူးလို့ စလော့က အတည်ပြုခဲ့ပါတယ်။











