
တကျော့ပြန် မန်ယူတိုက်စစ်မှူး ရက်ရှပ်ဖို့ဒ်က ဒီရာသီအတွက် အသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင်ခွင့် ရရှိပြီးနောက်မှာတော့ တက်တူးသစ်တခု ထပ်မံရေးထိုးလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ ဝမ်းဗိုက်မှာ တက်တူးထိုးခဲ့တာပါ။ အဲဒီတက်တူးမှာ ကစားသမားဘဝ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ၁၀၊ ၁၉၊ ၃၉၊ ၁၄ နဲ့ နံပါတ် ၉ အင်္ကျီပုံတွေ ပါဝင်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြ မိုက်ကယ် ကားရစ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်ပါဝင်လာသလို အသင်းမှာ အံဝင်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့လည်း ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ဘာစီလိုနာအသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ မန်ယူကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ဘာစီလိုနာက သူ့ကို အမြဲတမ်း စာချုပ်နဲ့ မဝယ်ယူခဲ့ ပါဘူး။ ဒါကြောင့် ရက်ရှ်ဖို့ဒ် ဟာ မန်ယူနိုက်တက်မှာပဲ ဆက်ရှိနေပါတယ်။
Photo: Marcus Rashford











