DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် လမ်းလျှောက်နေသည့်အမျိုးသမီးတဦး ကားတိုက်ခံရ၍ သေဆုံး
DVB
·
October 23, 2017
မင်းလှတွင် လမ်းလျှောက်နေသည့်အမျိုးသမီးတဦး ကားတိုက်ခံရ၍ သေဆုံး
Donate to DVB

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့မှာ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းက လမ်းလျှောက်နေတဲ့ သားအမိနှစ်ဦး ကားတိုက်ခံရပြီး မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့ မင်းလှ မြို့မရဲစခန်းက ပြောပါတယ်။

"မင်းလှမြို့ ရုံးရပ်တောင်ပိုင်းရပ်ကွက်နေ ဗထူးမောင်းနှင်လာတဲ့ ကားက မင်းဘူး-မင်းလှကားလမ်းပေါ်မှာ မင်းဘူးဘက်သို့မောင်းနှင်လာချိန် မင်းလှမြို့မှအထွက် မိုင်တိုင်(18/6)မင်းလှမြို့ ဘီးခွန်ကောက်ခံရေးဂိတ်အနီး အရောက်မှာ လမ်းရဲ့ ယာဘက်အတိုင်းလမ်းလျှောက်နေတဲ့ သားအမိနှစ်ဦးကို နောက်မှဝင်ရောက်တိုက်မိခဲ့ရာ ဒေါ်မြကျင်မှာ ထိခိုက်ဒါဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး သမီးဖြစ်သူ မမေသင်္ကြန်မှာလည်း ဒဏ်ရာရခဲ့လို့ မင်းလှမြို့ပြည်သူဆေးရုံကို ပို့ထားရတယ်လို့" မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောပါတယ်။

မင်းလှမြို့မရဲစခန်းကိ ဗထူးကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013