DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ
DVB
·
August 24, 2017
မင်းလှတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမရဲစခန်းအပိုင် နယ်မြေအတွင်း အသက် ၁၄  နှစ်အရွယ် မိန်းကလေးငယ်တဦး သားမယားအဖြစ် အဓမ္မပြုကျင့်ခံရလို့ မိခင်ဖြစ်သူက ရဲစခန်းမှာ  သြဂုတ် ၂၃ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

သမီးဖြစ်သူ ကိုယ်ဝန် ၆ လရှိမှ မိခင်ဖြစ်သူက သိရှိပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာလို့ ရဲစခန်းက ပြောပါတယ်။

မိခင်ဖြစ်သူဟာ သြဂုတ် ၂၂ ရက် နေ့လယ်က တောင်ဦးကျေးရွာကို အလည်သွားပြီး ပြန်လာစဉ် သမီးဖြစ်သူ ကိုယ်လုံး ‘ဝ’ နေတာကို သတိထားမိပြီး မသင်္ကာလို့ ချော့မော့ မေးမြန်းရာ သမီးဖြစ်သူဟာ ၂၀၁၇ မတ်လလောက်က တောထဲကို ထင်းခွေသွားချိန် နေအိမ်ကို မကြာခဏ အလည်လာရောက်တတ်သူ ရွာသာလှကျေးရွာနေ ရာကျော်က ပါးစပ်ပိတ်ပြီး အဓမ္မပြုကျင့် ခဲ့ကြောင်း သမီးဖြစ်သူက ပြောပြလို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သတ်လို့ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်သူ ရာကျော်(ခ) ကျော်လင်းထွန်းကို ရေနံမနယ်မြေရဲစခန်း က ရာဇသတ်ကြီး ပုဒ်မ-၃၇၆ နဲ့ ဖမ်းဆီးပြီး အမှုကို စစ်ဆေးနေတယ်လို့ ရဲအုပ်မျိုးမင်းထွန်းက ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013