DVB Logo
Home
မြန်မာသတင်း
မိသားစုဝင် ၉ ဦး လိုက်ပါလာသည့် စက်လှေတိမ်းမှောက်၊ ၅ ဦးသေဆုံး
DVB
·
October 8, 2017
မိသားစုဝင် ၉ ဦး လိုက်ပါလာသည့် စက်လှေတိမ်းမှောက်၊ ၅ ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့ရင်းအထက်ကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာနဲ့ နန်းပင်ကုန်းကျေးရွာအကြား ဘုန်းကြီးကျောင်း ကထိန်သွားရောက်တဲ့ စက်လှေမှောက်ပြီး မိသားစုဝင် ၅ ဦးသေဆုံးပြီး ၄ ဦး အတွင်းလူနာနဲ့ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၇ ရက် မနက် ၁၁ နာရီက မြင်းကောင်ရေ ၁ ကောင်ခွဲတပ် စက်တပ်စက်လှေကို ဘားအံမြို့နယ် အနန်းပင်ကျေးရွာနေ ဦးတဂီဘော(ခ) မြင့်မောင် မောင်းနှင်ပြီး ဇနီးနဲ့အတူ သားသမီး၊ တူ၊ တူမတွေအပါအ၀င် မိသားစု ၉ ဦးလိုက်ပါလာပြီး မုရင်းအင်းအတွင်း အရှိန်နဲ့ မောင်းကွေ့စဉ် စက်လှေတိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။

စက်လှေတိမ်းမှောက်မှုကြောင့် ဇနီးဖြစ်သူ ဒေါ်နန်းဝင်း (၂၉) နှစ်၊ သမီးဖြစ်သူ မပပ၀င်းခိုင် ၆ နှစ်၊ သားဖြစ်သူ မောင်ထူးမြတ်သူ (၂) နှစ်၊ တူဖြစ်သူ မောင်သန့်ဇင်ဦး (၉) နှစ်နဲ့ မောင်သန်းချစ်ဦး ၇ နှစ်တို့ သေဆုံးခဲ့ပြီး၊ ဦးတဂီဘော(ခ)မြင့်မောင် (စက်လှေမောင်း)အပါဝင် မိသားစုဝင် ၄ ဦးတို့ကတော့ ဘားအံပြည်သူ့ ဆေးရုံကြီးကို အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှု ခံနေရတယ်လို့ သိရပါတယ်။

“စက်လှေမှောက်တာ ဟုတ်ပါတယ်။ မုရင်းအင်းအတွင်းမှာ အရှိန်နဲ့ မောင်းကွေ့လိုက်တာ စက်လှေက တိမ်းမှောက်ပြီး နစ်သွားတာပါ” လို့ မြိုင်ကလေး ရဲကင်းစခန်း တာဝန်ရှိသူက ပြောပါတယ်။

လူသေဆုံးဒဏ်ရာရရှိအောင် စက်လှေကို မဆင်မခြင်မောင်းနှင်တဲ့အတွက် ဦးတဂီဘော(ခ)မြင့်မောင်ကို ဘားအံမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က/၂၈၀ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။

သတင်း-ရဲမင်းခေါင်၊ ဓာတ်ပုံ-နေလင်းအာင် မြိုင်ကလေး(Rescue)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013