DVB Logo
Home
မြန်မာသတင်း
ကျောက်စိမ်းတွေ့ရှိသဖြင့် ဖမ်းဆီးခံရမှု တရားမျှတမှုမရှိကြောင်း နန်စီပွန်ရွာသားများ ရှင်းလင်း
DVB
·
September 22, 2017
ကျောက်စိမ်းတွေ့ရှိသဖြင့် ဖမ်းဆီးခံရမှု တရားမျှတမှုမရှိကြောင်း နန်စီပွန်ရွာသားများ ရှင်းလင်း
Donate to DVB

ကျောက်စိမ်းတုံးတွေ့ရှိမှုနဲ့ တရားစွဲအရေးယူခံထားရတာဟာ တရားမျှတမှုမရှိတဲ့အကြောင်း စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နန်စီပွန်ကျေးရွာသားတွေနဲ့ ဖမ်းဆီးခံမိသားစုတွေက ခန္တီးမြို့ မြို့မကျောင်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

နန်စီပွန်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောက်စိမ်းဈေးသည်တချို့ကို မူးယစ်ဆေးဝါး သတင်းအရ စက်တင်ဘာ(၁၇)ရက်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ နေအိမ်မှာ ကျောက်စိမ်းအရိုင်းတုန်းတွေ တွေ့ရှိခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် ၁၁ဦးကို ကျောက်မျက်ဥပဒေနဲ့ အရေးယူခဲ့တာပါ။

အဆိုပါဖမ်းဆီးရမှုမှာ ငွေ သိန်း ၉၇၅ သိန်းအပါအဝင် ကျောက်စိမ်းအရိုင်းတုံး ၇၇၅ တုံးကို သိမ်းဆည်းခံခဲ့ရပါတယ်။   ခန္တီးမြို့နယ် နန်းစီပွန်ဒေသဟာ ရတနာမြေဖြစ်တဲ့အတွက် အခုလို ကျောက်စိမ်းတွေ့လို့ ဖမ်းဆီးတာဟာ မတရားလုပ်တယ်လို့ မြင်ကြောင်း ခန္တီးဒေသခံတွေက ဝေဖန်ပါတယ်။

နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ရွာသားတွေက ခန္တီးမြို့ တော်ဝင်နှင်းဆီမှာ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းက တားဆီးခဲ့တာကြောင့် ကျင်းပခွင့်မရရှိခဲ့ပါဘူး။

သတင်းဓာတ်ပုံ-အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013