DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ အဆင့် ၆ ရခဲ့သည့် မြန်မာလူငယ်များ ပြိုင်ပွဲဝင်အတွေ့ကြုံ ရှင်းလင်း
DVB
·
July 28, 2017
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ အဆင့် ၆ ရခဲ့သည့် မြန်မာလူငယ်များ ပြိုင်ပွဲဝင်အတွေ့ကြုံ ရှင်းလင်း
1 / 8
Donate to DVB

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ရိုဘော့စက်ရုပ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာရရှိခဲ့တဲ့ မြန်မာလူငယ်အသင်းဟာ ပြိုင်ပွဲဝင်အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့ ဖန်တီးရာခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပထမဆုံး လူငယ်စက်ရုပ်ပြိုင်ပွဲမှာ မြန်မာအသင်းက အဆင့် ၆ နေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီစက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ကျောင်းသားကျောင်းသူ ၇ ဦး ပါတဲ့အဖွဲ့က သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက်မှာ မြန်မာအသင်းက အဆင့် ၆ ရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲယှဉ်ပြိုင်ဖို့ မြန်မာအသင်းရွေးချယ်မူကို ဖန်တီးရာက Innovation Lab က USAID ရဲ့ ပူးပေါင်းကူညီမူနဲ့ ရွေးချယ်ခဲ့ပြီး လိုအပ်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကူအညီတွေကို ဖန်တီးရာက ကူညီပေးခဲ့တာပါ။

သတင်း-ထွန်းထွန်းသိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013