ရုရှားက ခါကိဗ်ဒေသနားမှာ ကြားခံဇုန်တခု ဖန်တီးဖို့ မအောင်မြင်တဲ့ထိုးစစ်ကို စတင်ပြီး ၂ နှစ် အကြာမှာ ယူကရိန်းနယ်စပ်မြို့ ဗော့ဗ်ချန်စ်က ပြာပုံဖြစ်သွားတာကို မေ ၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဒရုန်းဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ယူကရိန်းစစ်တပ်က အဓိကထိုးစစ်တခုမှာ ဗော့ဗ်ချန်စ်မြို့ကို ဦးတည်ခဲ့ပြီး နောက်ပိုင်းမှာ ထိုးစစ်ကို ရပ်တန့်ခဲ့ပါတယ်။
ဗီဒီယိုထဲက တည်နေရာတွေ လမ်းအပြင်အဆင်၊ အဆောက်အအုံတွေ၊ သစ်ပင်ပန်းမန်တွေ၊ ဗော့ဗ်ချာမြစ်နဲ့ ရထားလမ်းတွေက အဲဒီဒေသရဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ ယူကရိန်းနိုင်ငံ၊ ဗော့ဗ်ချန်စ်မြို့အဖြစ် အတည်ပြုခဲ့ပါတယ်။ ဗီဒီယိုရိုက်ကူးခဲ့တဲ့ရက်စွဲကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
မေ ၁၀ ရက်အထိ ဗော့ဗ်ချန်စ်မြို့ရဲ့ နေရာအများစုကို ရုရှားတပ်တွေက ထိန်းချုပ်ထားတယ်လို့ ယူကရိန်း မြေပုံရေးဆွဲရေး စီမံကိန်းတခုဖြစ်တဲ့ DeepState က ခန့်မှန်းထားပြီး မြို့ရဲ့တောင်ဘက်က ရပ်ကွက်တချို့ကို ‘ထိုးဖောက်ဝင်ရောက်မှုဧရိယာ’ အဖြစ် မှတ်သားထားပါတယ်။
Source: Reuters










