
မြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော် ပြုံယမ်းမြို့မှာ ပြည်တွင်းနဲ့ ပြည်ပတို့က ကလေးတွေနဲ့အတူ အပြည်ပြည်ဆိုင်ရာကလေးများနေ့ကို ဇွန် ၁ ရက်မှာ ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။
ဇွန် ၂ ရက်မှာ KCNA က ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ ကလေးတွေက ကြိုးခုန်၊ လွန်ဆွဲနဲ့ စက်ဝိုင်း အကအပါအဝင် ရိုးရာကိုရီးယားကစားနည်းတွေကို ကစားနေကြတာကို ပြထားပြီး တခြားသူတွေက ဂါယာဂျီယမ်လို ရိုးရာတူရိယာတွေကို ဖျော်ဖြေတီးခတ်နေကြပါတယ်။
အာဏာရပါတီနဲ့ အဖွဲ့အစည်းအမျိုးမျိုးက အကြီးတန်းအရာရှိတွေ၊ မြောက်ကိုရီးယားနိုင်ငံက နိုင်ငံခြားသံတမန်တွေ၊ ဂျပန်နဲ့ ပြည်ပရောက်ကိုရီးယား နိုင်ငံသားတွေရဲ့ ကိုရီးယားကျောင်းသား ကလေးများ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့တယ်လို့ KCNA က ပြောပါတယ်။
ပြုံးယမ်းကလေးဂေဟာ၊ ပြုံးယမ်းမိဘမဲ့ဂေဟာနဲ့ မူကြိုကျောင်းတွေက ကလေးတွေလည်း ဒီပွဲမှာ ဆင်နွှဲခဲ့ကြတယ် လို့ KCNAက ပြောပါတယ်။
ဒီရုပ်သံကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။ ကိုရီးယား ဆိုရှယ်လစ်အမျိုးသမီးသမဂ္ဂရဲ့ ဗဟိုကော်မတီဥက္ကဋ္ဌ ဂျွန်ဟယွမ်ဆန်းက နိုင်ငံထဲမှာရှိတဲ့ ကလေးတွေ ကို "အဖိုးတန်ရတနာတွေ"အဖြစ် ဆက်ဆံပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ကို "ကလေးအားလုံးရဲ့ဖခင်" လို့ ခေါ်ဆိုခဲ့တဲ့အကြောင်း KCNA က ဖော်ပြပါတယ်။
Source:Reuters










