
လီဗာပူးအသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား ဘရက်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတခု ပြင်ဆင်နေပါတယ်။
အသက် ၂၃ နှစ်အရွယ် ဘာကိုလာဟာ မိုဟာမက်ဆာလာ နေရာအတွက် လီဗာပူးရဲ့ အဓိကပစ်မှတ် ဖြစ်ပါတယ်။
ပီအက်စ်ဂျီကတော့ ဘာကိုလာအတွက် ပေါင် ၁၄၅ သန်း တောင်းဆိုထားတာပါ။ ဒီပြောင်းရွှေ့ကြေး ဟာ ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာနိုင်ပါတယ်။
လီဗာပူးကတော့ ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။ ဘာကိုလာ ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီမှာ ပုံမှန်ပွဲထွက်ခွင့် မရတာကြောင့် လီဗာပူးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
သူ့မှာ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပါသေးတယ်။ ပရိသတ်အများစုကတော့ ဘာကိုလာရဲ့ တန်ကြေးဟာ များပြားလွန်းတယ်လို့ ဝေဖန်နေကြတာပါ။ အသင်းအနေနဲ့ နောက်တန်းကို အားဖြည့်ဖို့ ပိုအရေးကြီးတယ်လို့လည်း ထောက်ပြနေကြပါတယ်။
Photo: Reuters










