
စပါးအသင်းနည်းပြ ရောဘတ်တိုဒီဇာဘီဟာ နယူးကာဆယ်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပတ်ပ်မာတာဆား၊ ရစ်ချာလီဆန်နဲ့ ဒန်ဆိုတို့ကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။
ဒီကစားသမား ၃ ယောက်က အသင်းကနေ ထွက်ခွာချင်လို့ ချန်လှပ်ထားတာဖြစ်ကြောင်း နည်းပြက ထုတ်ဖော်ပြောပါတယ်။
စပါးအသင်းဟာ ရာသီစ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အောက်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့တာပါ။
နည်းပြဒီဇာဘီက အသင်းက ထွက်ခွာချင်တဲ့ ကစားသမားတွေအနေနဲ့ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ယူဆောင်လာရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့မှုအတွက် ပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ပြီး အသင်းရဲ့ ခြေစွမ်းအပေါ် ယုံကြည်မှု ရှိနေသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။











