DVB Logo
Home
မြန်မာသတင်း
မူဆယ်၌ လက်လုပ်မိုင်းပေါက်ကွဲ၊ ပြည်ထောင်စုလမ်းမကြီး၌ ရှေ့ထွက်မိုင်း ၁ လုံး သိမ်းဆည်းမိ
DVB
·
September 3, 2017
မူဆယ်၌ လက်လုပ်မိုင်းပေါက်ကွဲ၊ ပြည်ထောင်စုလမ်းမကြီး၌ ရှေ့ထွက်မိုင်း ၁ လုံး  သိမ်းဆည်းမိ
Donate to DVB

 

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်မှာ လက်လုပ်အသံမိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်မှာ ရှေ့ထွက်မိုင်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

မူဆယ်မြို့ တောင်ရပ်ကွက်နေ ဦးသိန်းဇော်ရဲ့နေအိမ်ရှေ့ ခြံစည်းရိုးနဲ့ အမှတ် (၃) အခြေခံ ပညာမူလတန်းကျောင်းတို့ကြားရှိ ကားလမ်းပေါ်မှာ ဒီနေ့ မနက် ၆ နာရီ ၁၅ မိနစ်လောက်က  လက်လုပ်အသံမိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး လူ၊ တိရစ္ဆာန်နဲ့အဆောက်အဦတွေ ထိခိုက်မှု မရှိခဲ့ပါဘူး။ ပေါက်ကွဲတဲ့နေရာတ၀ိုက်မှာ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေ ရှင်းလင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၁ ရက်ညနေ ၅ နာရီလောက်က ကွတ်ခိုင်-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၂၇၃)နေရာမှာ မသင်္ကာဖွယ် အရာတခု တွေ့ရှိကြောင်း အော်ရီယမ်တယ်လ်ကုမ္ပဏီမှ လမ်းပြုပြင်ရေးအဖွဲ့ရဲ့ သတင်းပေးချက်အရ တပ်မတော်သားတွေ သွားရောက်ရှင်းလင်းရာ လမ်းရဲ့ ညာဘက် ပေ ၂၀ ခန့်အကွာ ချုံပုတ်အတွင်းမှ အလျား ၈ လက်မ၊ အနံ ၄ ဒသမ ၅ လက်မလောက်ရှိ အစိမ်းရောင် ရှေ့ထွက်မိုင်း ၁ လုံးတွေ့ရတဲ့အတွက် အန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရှေ့ထွက်မိုင်းနဲ့အတူ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ လျှပ်စစ်ဒီတို နေတာ ၂ ခု၊ ဓာတ်ခဲ(အသေး) ၅ လုံးပါ ဆားကစ်အုံ ၁ ခု၊ အရှည် ၃ ပေခန့်ရှိ အ၀ါရောင် ၀ါယာကြိုး ၂ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013