DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် လက်ကိုင်ဖုန်းလုယက်သည့်အဖွဲ့အား ဖမ်းဆီးမိ
DVB
·
September 2, 2017
မြိတ်မြို့တွင် လက်ကိုင်ဖုန်းလုယက်သည့်အဖွဲ့အား ဖမ်းဆီးမိ
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့မှာ လက်ကိုင်းဖုန်းတွေ လုယက်နေတဲ့အဖွဲ့ကို သြဂုတ် ၂၉ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းက ပြောပါတယ်။

သြဂုတ် ၂၉ ရက်၊ ညပိုင်းက နယ်မြေလှည့်ကင်းဆောင်ရွက်နေချိန် မြိတ်တောင်ကျေးရွာ၊ ရာပြည့်ရပ်ကွက်မှာ လူ ၃ ယောက် လက်ကိုင်ဖုန်းတလုံး လိုက်ရောင်းနေကြောင်း သိရလို့ သွားရောက်စစ်ဆေးရာကနေ ဖမ်းဆီးမိခဲ့တာလို့

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထွန်းထွန်းနိုင်က “ကျနော်တို့အဖွဲ့ ရာပြည့်ရပ်ကွက်ဘက်ကို နယ်မြေလှည့်ကင်းထွက်တဲ့အချိန် ရာပြည့် ၁ လမ်းဘက်မှာ လူ ၃ ယောက် ဖုန်းတလုံး လိုက်ရောင်းနေတယ်ကြားလို့ သွားပြီးစစ်ဆေးတာ စွမ်းထက်အောင်နဲ့အတူ ရဲထိုက် နဲ့ မင်းဇော်တို့ကို တွေ့တယ်၊ စွမ်းထက်အောင်ရဲ့ လက်မှာကိုင်ထားတဲ့ iphone ကို မသင်္ကာလို့ စစ်ဆေးကြည့်တော့ ဖုန်းနဲ့ပတ်သက်တဲ့ အထောက်အထား သူတို့မပြောနိုင်ခဲ့ဘူး၊ ရဲစခန်းခေါ်လာပြီး ထပ်စစ်ဆေးတော့ စွမ်းထက်အောင်ရဲ့ထွက်ဆိုချက်အရ သူတို့ ၃ ယောက်အပြင် နောက်ထပ် လုယက်မှုကျူးလွန်ခဲ့တဲ့ ခင်ဇော်(ခ)ဂျက်လီ၊ ဝိုင်းချစ်နဲ့  သူရစိုး(ခ)ခွက်ပျောက်တို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။”

လုယက်ခံရတဲ့ ဖုန်းပိုင်ရှင်တွေကို စုံစမ်းဖော်ထုတ်ပြီး လုယက်ခံရတဲ့နေရာ၊ လုယက်ခံရတဲ့ ဖုန်းအမျိုးအစား၊ လုယက်ခံရတဲ့ အချိန်နဲ့ လုယူသူ ပုံသဏ္ဌာန်များ မေးမြန်းစိစစ်ပြီး ဖုန်းပိုင်ရှင်တွေကို ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

“သူတို့ ၆ ယောက်ဆီက လုယက်တဲ့ဖုန်းတွေကို စစ်ဆေးတော့ ဖုန်းအလုံးရေ ၂၅ လုံး သိမ်းဆည်းခဲ့ပါတယ်။ ဖုန်းပိုင်ရှင်တွေက ၆ ယောက် ဆက်သွယ်လာပါပြီ၊ နောက်ထပ် ဖုန်းပိုင်ရှင်တွေကိုလည်း ထပ်မံစုံးစမ်းနေပါတယ်” လို့ ဒုရဲအုပ် ထွန်းထွန်းနိုင်က ပြောပါတယ်။

လုယက်မှုကျူးလွန်သူ ၆ ယောက်အား မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013