DVB Logo
Home
မြန်မာသတင်း
တိမ်း​ရှောင်​လာသူများအတွက် နေရာတိုးမြှင့်ချထားပေးရန် ရခိုင်ပြည်နယ်အစိုးရ စီစဉ်
DVB
·
September 2, 2017
တိမ်း​ရှောင်​လာသူများအတွက် နေရာတိုးမြှင့်ချထားပေးရန် ရခိုင်ပြည်နယ်အစိုးရ စီစဉ်
Donate to DVB

အကြမ်းဖက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ များပြားလာလို့ ရခိုင်ပြည်နယ်အစိုးရ အစီအမံနဲ့ စစ်တွေမှာ ကယ်ဆယ်ရေးစခန်းတွေ တိုးမြှင့် ချပေးထားပေးတော့မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တော- ဘူးသီးတောင်ဒေသက အစွန်းရောက် အကြမ်းဖက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို ပြည်နယ်အစိုးရက ဒုက္ခသည်စခန်း ၁၀ ခုမှာ ထားရှိမှာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ စက်တင်ဘာ ၁ ရက်နေ့ အစိုးရအဖွဲ့ရုံးမှာ စစ်တွေမြို့မိမြို့ဖတွေနဲ့ အစိုးရအဖွဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ ထည့်သွင်းရှင်းပြခဲ့တာပါ။

“လောလောဆယ် ကျနော်တို့ ဘုန်းတော်ကြီး ၁၀ ကျောင်းကို စာရင်းရထားပါတယ်။ အဲဒီနောက်မှာ ကျနော်တို့ ဘာတွေလုပ်ဆောင်သွားမလဲ၊ ဘာတွေလိုအပ်နေသလဲ အစီအမံတွေနဲ့ ကော်မတီတွေဖွဲ့ပြီးတော့ လုပ်ဆောင်သွားဖြစ်ပါတယ်” လို့ ရခိုင်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောဆိုခဲ့ပါတယ်။

အခုအချိန်မှာ မိုးရာသီဖြစ်နေတာကြောင့် ဒုက္ခသည်တွေအတွက် နေရာချထားရေးမှာ ဘုန်းတော်ကြီးကျောင်းတွေဆို ပိုပြီးအဆင်ပြေနိုင်တယ်လို့ စစ်တွေမြို့ခံ ရပ်မိရပ်ဖတွေက ထောက်ပြကြပါတယ်။

စစ်တွေမြို့မိမြို့ဖ ဦးမောင်သိန်းဖြူက “တကယ်လို့ ဘုန်းကြီးကျောင်တွေမှာ တဖြည်းဖြည်းလူဦးရေတွေများလာမယ်။ အခက်အခဲတွေ ဖြစ်လာမယ်ဆိုရင်တော့ အဲဒီအခါကျရင် တမျိုးစဉ်စားရမှာပေါ့။ ကန့်တွေဘာတွေ ဆောက်ဖို့ လိုအပ်တာတွေလုပ်၊ အဲသလို လုပ်ယူရမှာပေါ့။ အခုလောလောဆယ်တော့ ဖြေရှင်းဖို့ လိုနေတာပေါ့။ လက်တလောအဖို့ကိုတော့ ကျယ်ဝန်းတဲ့ ဘုန်ကြီးကျောင်းတွေမှာ ထားတာက လက်ရှိအနေအထား အဆင်ပြေနိုင်ပါတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေက အကြောက်တရားတွေ ဖုံးလွှမ်းနေပြီး စိုးရိမ်းစိတ်တွေရှိနေဆဲဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

စစ်တွေနာရေးကူညီအသင်းက အထွေထွေအတွင်းရေးမှူး ဦးထွန်းလှိုင်က “သူတို့ အခက်အခဲတွေက အကြောက်တရားနဲ့ လာကြတာပါ။ တော်တော်လေးကို ကြောက်ရွံ့နေကြပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကလေးတွေမျက်နှာက ကြောက်နေကြပါတယ်။ ကြောက်စိတ်တွေဖြေသိမ့်ပေးနိုင်အောင် ရက်တို စီမံကိန်းတွေပေါ့နော်။ အသက်မွေးဝမ်းကျောင်းလေးတွေ လုပ်ပေးရင်တော့ ပိုကောင်းမယ်ဗျ” လို့ ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောကနေ အခုလက်ရှိ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ တိုင်းရင်းသားဒေသခံပေါင်း ၁ သောင်း ၁ ထောင်ကျော် ရှိတယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ARSA အကြမ်းဖက်သမား ၃၇၀ သေဆုံးပြီး ၉ ဦးကို အရှင်ဖမ်းမိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သတင်-ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013