DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ သတင်းသမားများအတွက် အာမခံ ထပ်မံလျောက်ထား
DVB
·
August 25, 2017
ဖမ်းဆီးခံ သတင်းသမားများအတွက် အာမခံ ထပ်မံလျောက်ထား
Donate to DVB

သီပေါအကျဉ်းထောင်မှာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီး တရားစွဲခံနေရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေရဲ့ အမှုနဲ့ ပတ်သက်လို့ ဒီကနေ့ သီပေါမြို့နယ် တရားရုံးမှာ ၅ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးပါတယ်။

ဒီတကြိမ်ရုံးချိန်းမှာတော့ အမှုအတွက် အရေးပါတဲ့ သက်သေခံအချက်အလက်တွေကို တရားလိုကဖျက်ဆီးပြီး မိတ္တူအဖြစ်သာ စီဒီနဲ့တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူတွေဘက်က ရှေ့နေတွေက လျှောက်လဲချက် တင်သွင်းခဲ့ပါတယ်။

အကျိုးဆောင် ရှေ့နေ့ ဒေါ်ခင်မိမိက “အရင်ချိန်းက စီဒီခွေတင်တာနဲ့ပတ်သက်လို့ ကျမတို့  အကျယ်တ၀င့် လျှောက်လဲချက် ပေးသွားပါတယ်။ ပေးတဲ့အခါကျတော့ တရားသူကြီးက လက်ခံတယ်လို့လည်း မပြောသေးပါဘူး။ သက်သေခံအဖြစ်နဲ့ လက်ခံတယ်လို့လည်း အမိန့်မချသေးဘူး။ အမိန့်မချသေးဘဲနဲ့  ၁ ရက်နေ့ကို ရွှေ့လိုက်ပါတယ်။ ၁ ရက်နေ့မှာ ကြည့်မယ်ပေါ့နော်။ ဒီစီဒီခွေကို ၁ ရက်နေ့မှာ ဖွင့်ကြည့်မယ်။ ဖွင့်ကြည့်ပြီးမှ လက်မခံသင့်မသင့် အမိန့်ချမယ်လို့ သူအဆုံးသတ်ပါတယ်” လို့ ပြောပါတယ်။

ဒီနေ့မှာတော့ စွပ်စွဲခံရသူဘက်က လျှောက်လဲချက်ပေးပြီးနောက် ရုံးနားလိုက်ပြီး တရားလိုတွေကိုတော့ ဆက်လက်စစ်ဆေးမှုတွေမလုပ်ခဲ့ပါဘူး။

သတင်းထောက်တွေ အာမခံရရေးအတွက်လည်း  ဒီကနေ့ ရုံးချိန်မှာ ထပ်မံလျှောက်ထား ခဲ့ကြပြီး တရားလိုတင်သွင်းတဲ့ စီဒီခွေကို လက်ခံသင့်မသင့် နဲ့ အာမခံ လျှောက်ထားမှုကို စက်တင်တင်ဘာ ၁ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချဖို့ရှိပါတယ်။

မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ဖို့အတွက် နှစ်ကြိမ်တိုင် အာမခံ ပယ်ချခံခဲ့ရ ပါတယ်။

တီအန်အယ်လ်အေရဲ့ မူးယစ်ဆေးဝါးဖျက်ဆီးပွဲက သတင်းယူပြီးပြန်လာတဲ့ ဒီဗွီဘီအကြီးတန်း သတင်းထောက် ဦးအေးနိုင်နဲ့ သတင်းထောက်ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးကို ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့ တာ ရက်ပေါင်း ၆၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013