DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ကျောင်းသားနှင့်ဝန်းရံပြည်သူများ လွတ်မြောက်ရေး တောင်းဆို
DVB
·
September 12, 2015
ဖမ်းဆီးခံ ကျောင်းသားနှင့်ဝန်းရံပြည်သူများ လွတ်မြောက်ရေး တောင်းဆို
Donate to DVB

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြရင်း အဖမ်းခံခဲ့ရတဲ့ ကျောင်းသားနဲ့ဝန်းရံပြည်သူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုတာကို ဥပဒေပညာရှင်တွေက စက်တင်ဘာ ၁၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရတာ ၆ လရှိခဲ့ပြီဖြစ်တဲ့ ကျောင်းသားတွေအပါအ၀င် ၀န်းရံ ပြည်သူတွေကို တရားစွဲဆိုထားရာမှာ ဒီနေ့အထိ တရားလိုတယောက်တည်းကိုတောင် စစ်ဆေးလို့ မပြီးသေးပါဘူး။

အဲဒါကြောင့် ဒီအတိုင်း စစ်ဆေးနေမယ်ဆိုရင် နောက်နှစ်ပေါင်း ၄၀ ကြာမှ အမှုပြီးနိုင်မယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ပညာရေးဥပဒေကို ဆန္ဒပြနေတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပညာရေးသပိတ်မှာ ပါဝင်တဲ့ ကျောင်းသားနဲ့ ကူညီသူတွေကို သပိတ်နဲ့ပတ်သက်ပြီး အရေးမယူဖို့ လေးပွင့်ဆိုင်တွေ့ဆုံမှုမှာ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြဖူးပါတယ်။

ဒါဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ရုပ်သိမ်းနိုင်တဲ့အမှုဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ မြန်မာမီဒီယာ ရှေ့နေများကွန်ရက်က နိုင်ငံတော် သမ္မတနဲ့ တရားသူကြီးချုပ်၊ ရှေ့နေချုပ်စတဲ့ တာဝန်ရှိသူတွေဆီကို လက်မှတ်ရေးထိုးတောင်းဆိုလိုက်တာပါ။

ဒီလိုတောင်းဆိုတာကို ပြည်သူတွေလည်း ပါဝင်လက်မှတ်ထိုးနိုင်အောင် စီစဉ်မှာဖြစ်တယ်လို့ ဦးဆောင်စီစဉ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောပါတယ်။

လက်နက်ကိုင် အဖွဲ့တွေနဲ့တောင်မှ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အချိန်မှာ ကျောင်းသားတွေဟာ ရာဇ၀တ်သားတွေလို အကျဉ်းကျခံနေရတယ်လို့လည်း ပေးပို့မယ့်စာမှာ ဖော်ပြထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခံရတဲ့နောက် ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၇၉ ယောက်ဟာ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျခံ နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013