Sky Sports က ရုပ်သံထုတ်လွှင့်ဖို့အတွက် ပွဲစဉ်တွေကို သောကြာနဲ့ တနင်္လာနေ့ ညဘက်တွေဆီ အပြောင်းအလဲလုပ်နေတာကြောင့် ကွင်းအတွင်း ဘောလုံးပွဲသွားကြည့်တဲ့ ပရိသတ်တွေ အတော်လေး အခက်တွေ့နေပါတယ်။
အထူးသဖြင့် မန်ယူ ၈ ပွဲ၊ အဲဗာတန် ၇ ပွဲနဲ့ ဝက်စ်ဟမ်း ၇ ပွဲတို့ဟာ ပုံမှန်သတ်မှတ်ချက်ထက် ပိုပြီး ညဘက်ပွဲစဉ်တွေမှာ ရွေးချယ်ခံနေရတာပါ။
ဥရောပပွဲကစားနေရတဲ့ အသင်းကြီးတွေက ကြားရက်မှာ ပွဲရှိနေလို့ သူတို့ကိုရွှေ့ဖို့ မလွယ်တာကြောင့် Sky Sports က ကြည့်ရှုသူများမဲ့ အသင်းတွေကိုပဲ ဒီအချိန်ဇယားတွေထဲ ထည့်သွင်းနေတာ ဖြစ်ပါတယ်။
ဒါဟာ ခရီးဝေးသွားရတဲ့ ပရိသတ်တွေအတွက် အချိန်နဲ့ စရိတ်စကပိုင်းမှာ အဆင်မပြေမှုတွေ အများကြီး ဖြစ်စေတယ်လို့ ဝေဖန်နေကြပါတယ်။










