DVB Logo
Home
မြန်မာသတင်း
နည်းပညာအခက်အခဲနှင့် လုပ်သေားလျော့နည်းလာမှုကြောင့် ရခိုင်ငါးလုပ်ငန်း ကျဆင်း
DVB
·
August 19, 2017
နည်းပညာအခက်အခဲနှင့် လုပ်သေားလျော့နည်းလာမှုကြောင့် ရခိုင်ငါးလုပ်ငန်း ကျဆင်း
Donate to DVB

နည်းပညာအခက်အခဲနဲ့ ရေလုပ်သားဦးရေ လျှော့နည်းလာမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ငါးထုတ်လုပ် ဖမ်းဆီးရရှိမှု ကျဆင်းလာနေသလို ငါးသယံဇာတတွေ ရှားပါးမှုနဲ့လည်း ကြုံလာနေရပါတယ်။

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက ဦးစီးမှူး ဒေါက်တာညွန့်ဝေက “ရခိုင်တိုင်းရင်းသားတွေရဲ့ ငါးဖမ်းဆီး ထုတ်လုပ်မှုဟာ နည်းနည်းကျဆင်းနေတဲ့ အနေ အထားမျိုးတွေ သွားတွေ့ရပါတယ်။ ဒါကြောင့်မို့ ငါးဖမ်းဆီး ထုတ်လုပ်မှုမှာ တနင်္လာသာရီ၊ ဧရာဝတီတွေကို များပေမယ့် ဒီဘက်ရခိုင်တွေက လျှော့နည်းတယ်လို့ ပြောလို့ ရပါတယ်။ လိုအပ်တဲ့ စက်သုံးဆီ၊ လိုအပ်တဲ့ရေခဲ၊ လိုအပ်တဲ့ ရေလုပ်သား စတဲ့ဟာတွေက ရခိုင်ဒေသမှာ အားနည်းနေတယ်ဆိုတာ သွားတွေ့ရပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တရားမဝင်တဲ့နည်းတွေနဲ့ ငါးဖမ်းဆီးတွေတာတွေ များလာတာကြောင့် ငါးသယံဇာတတွေ ရှားပါးလာနေပါတယ်။ ဒါ့အပြင် ကမ်းဝေး ငါးဖမ်းသဘောင်္ာကြီးတွေက ကမ်းနီးကို လာရောက် ငါးဖမ်းဆီမှုတွေရှိနေပါတယ်။ ကမ်းနီးမှာ အမှီပြု လုပ်ကိုင်းစားသောက်နေကြတဲ့ တနိုင်တပိုင် ရေလုပ်သားတွေအနေနဲ့လည်း ဥပေဒေကို လေးစားနာဖို့ လိုတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ လယ်ယာသားငါးစိုက်ပျိုးရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက “ကျနော်ပြောချင်တာကတော့ အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ ဒီကမ်းဝေးသင်္ဘောစက်လှေတွေကို ကမ်းနီးမှာ မဖမ်းဖို့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ဖို့ လိုတယ်ဗျ။ ပင်လယ်ပြင်လွှမ်းမိုးနိုင်တဲ့ ဥပမာရေတပ်ရှိတယ်ဗျာ။ ရေတပ်က ဒါတွေကို စနစ်တကျနဲ့ ထိန်းသိမ်းပေးဖို့ လိုတယ်။ တကယ့် ဥပဒေကို ချိုးဖောက်ပြီးတော့ လုပ်နေမယ်ဆိုရ ငါးသယံဇာတတွေကို ကျနော်တို့ လုပ်လို့ မရတော့ဘူး။ အခု သူတို့ထဲမှာ ရှိတာပေါ့ဗျာ။ ငါးမဖမ်းရ ဧရိယာလုပ်မယ်၊ ငါးမဖမ်းရ ရာသီလုပ်မယ်။ ဒါပေမယ့် လက်တွေမှာအကောင်းဖော် သလားဆိုတော့ အကောင်အထည်မဖော်ဘူး။ ကျနော်တို့ အဲ့ဒါတွေကို စစန်တကျ ပြန်ပြီး လုပ်စေချင်တယ်လို့” ပြောပါတယ်။

ကမ်းဝေးငါးဖမ်းသဘောင်္ာကြီးတွေက ကမ်းနီးကို လာရောက် ငါးဖမ်းဆီမှုတွေရှိ နေတာကြောင့် ကမ်းနီးမှာ အမှီပြု လုပ်ကိုင်းစားသောက်နေကြတဲ့ တနိုင်တပိုင် ရေလုပ်သားတွေအနေနဲ့ တဖြည်းဖြည်းနဲ့ လုပ်ကွက်တွေ ကျဉ်းလာတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ငါးသယံဇာတတွေ မပျက်သုဉ်းစေဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ရေလုပ်သားတွေအနေနဲ့ လေးစားလိုက်နာဖို့ လိုတယ်လို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ နော်ဝေနိုင်ငံရဲ့ ပညာရှင်တွေရဲ့ လေ့လာချက်အရ ရခိုင်ပြည်နယ်အတွင်းမှာ ငါးသယံဇာတ ရေပေါ် ၁၀ ရာခိုင်းနှုန်းနဲ့ ရေအောက် ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိနေတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013