DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် ကလေးငယ် ၂ ဦး ရာသီတုပ်ကွေး A(H1N1) ပိုးတွေ့ရှိ
DVB
·
August 15, 2017
ကျောက်မဲတွင် ကလေးငယ် ၂ ဦး  ရာသီတုပ်ကွေး A(H1N1) ပိုးတွေ့ရှိ
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ ကလေးငယ် ၂ ဦးထံမှ ရာသီတုပ်ကွေး  A(H1N1) ရောဂါပိုးတွေ့ရှိကြောင်း ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းက သြဂုတ် ၁၃ ရက်က အတည်ပြုလိုက်ပါတယ်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ပါခါးကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်က  ကလေး ၁၇ ဦး အစုလိုက်အပြုံလိုက် တုပ်ကွေးရောဂါဖြစ်ပွားတဲ့ လက္ခဏာရှိတာကြောင့် ကျန်းမာရေး ၀န်ထမ်းတွေက ဒေသထဲကွင်း ဆင်းကုသပေးရာမှာ   သံသယရှိ ကလေး ၂ ဦးရဲ့ နှာခေါင်းတို့ဖတ်တွေယူပြီး ရန်ကုန်အမျိုးသားကျန်းမာရေးဌာနကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

ကလေး ၂ ဦးမှာ A(H1N1)pdm09 positive တွေ့ရှိကြောင်း  သြဂုတ် ၁၃ ရက်နေ့မှာ အကြောင်းပြန်စာရရှိခဲ့ပြီး ကျောက်မဲခရိုင်ဆေးရုံက လိုအပ်တဲ့ ပြုစုကုသပေးမှုကြောင့် ဒီနေ့ဘဲ ဆေးရုံဆင်းသွားပြီလို့ ကျောက်မဲခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မှာ ကျနော်တို့ ပေးဆင်းလိုက်ပြီ၊ ကလေးတွေက ကျန်းမာလို့ ပြန်သွားပါပြီခင်ဗျ။ အသက်က ၇ နှစ် တယောက်၊ ၈ နှစ်တယောက်၊ နှစ်ယောက်လုံးယောက်ျားလေးတွေ၊ အဲဒီ ပန်ခါးရွာက ပါဘဲ။ ၁၃ ရက်အဖြေထွက်တာနဲ့ ၁၄ ရက်မှာ တော့ဆန်အုပ်စု ပန်ခါးရွာကို ကျန်းမာရေးဝန်ထမ်းတွေ နောက်ထပ်စေလွှတ်ပြီး ရွာထဲမှာရှိတဲ့လူတွေ အပူချိန်တိုင်းတယ်။ သူတို့ရွာအ၀င်အထွက်ကိုလည်း စစ်ဆေးတယ်၊ ကျန်းမာရေးပညာပေးတွေလုပ်တယ်။ နှာခေါင်း စည်းတွေဝေပြီး တကိုယ်ရေသန့်ရှင်းရေးကိစ္စ၊ ကျန်းမာအောင် နေထိုင်ပြုမူဖို့၊ လက်ဆေးဖို့ အဲဒါတွေ ပညာပေးနေပါတယ်။ သူတို့ရဲ့ အခြေအနေတွေလည်း စောင့်ကြည့်နေပါတယ်။ ကလေး ၁၇ ယောက်လုံးအခြေအနေ ကောင်းလာပါပြီ”

ဒါ့အပြင် ရာသီတပ်ကွေးပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်းတွေကို  တော့ဆန်ရွာ တင်မက ကျောက်မဲတမြို့နယ်လုံးမှာလည်း ဆောင်ရွက်လျှက်ရှိကြောင်း၊ A(H1N1) လို့ ဆိုလိုက်ရင် လူတွေက သေမှာဘဲလို့ ထင်နေတာ မဟုတ်မှန်ကြောင်း၊ ဒီရောဂါပိုးဟာ အချိန်မီကြပ်မတ်ကုသမယ်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်မယ်ဆိုရင် စိုးရိမ်စရာမရှိဘူးလို့ ဒေါက်တာအောင်အောင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013