DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ H1N1 ရောဂါ ကူးစက်မှု အ၀ါရောင်အဆင့်သတ်မှတ်
DVB
·
August 15, 2017
စစ်ကိုင်းတိုင်း၌ H1N1 ရောဂါ ကူးစက်မှု အ၀ါရောင်အဆင့်သတ်မှတ်
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီးမှာ ရာသီတုပ်ကွေး H1N1 ရောဂါနဲ့ သေဆုံးသူ ၂ ဦး၊ ရောဂါပိုးတွေ့လူနာ  ၇ ဦးရှိလာနေပြီဖြစ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အ၀ါရောင် အဆင့်သတ်မှတ်ပြီး အသိ ပညာပေးလုပ်ငန်းတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတယ်လို့ မုံရွာဆေးရုံအုပ်ကြီး ဒေါက်တာအေးငြိမ်းက ပြောပါတယ်။

“အခုကတော့ ပိုးတွေ့တဲ့လူတွေနည်းနည်းလေး တက်လာတာပေါ့နော်။ အရင်တုန်းက တယောက်နှစ်ယောက်ပဲ အခုတော့ ကျနော်တို့ဆီမှာ ၇ ယောက်ဖြစ်သွား တော့ တက်လာတဲ့အခါမှာ ကျနော်တို့က မုန်တိုင်းသဘောမျိုးနဲ့ မုန်တိုင်း ၀င်တော့မယ်ဆိုရင် အ၀ါရောင် ဆိုတဲ့ဟာမျိုး သတ်မှတ်တယ်ပေါ့နော်။ အဲလိုစကားနဲ့ ကျနော်တို့က နှိုင်းယှဉ်ပြီးပြောလိုက်တာပါ။ အ၀ါရောင်အဆင့်ဆိုတာ မုန်တိုင်းနဲ့ယှဉ်ပြီး ပြောတဲ့သဘောမျိုးပါ။ စစ်ကိုင်းတိုင်းထဲကို ဒီပိုးတွေ ၀င်လာပြီဆိုတဲ့သဘောမျိုးပြောလိုက်တာပါ။”

စစ်ကိုင်းတိုင်းအတွင်း လောလောဆယ်ပိုးတွေ့ သေဆုံးသူ ၂ ဦးရှိနေရာမှာ တဦးက မုံရွာမြို့နယ်ကဖြစ်ပြီး လူနာနောက်တဦးကတော့ ဆားလင်းကြီးမြို့ နယ်ထဲက ဖြစ်ပါတယ်။

ဒါ့အပြင် မုံရွာမြို့ဆေးရုံမှာ လတ်တလော သံသယနဲ့လူနာ ၇ ဦးရှိပြီး ၂ ဦးမှာ ပိုးတွေ့ရှိထားတဲ့အတွက် ပညာပေးမှုနဲ့ ကာကွယ်မှုလုပ်ငန်းတွေအတွက် အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ လည်း ဒေါက်တာ အေးငြိမ်းက ပြောပါတယ်။

“အားလုံး ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီးတော့ ပညာပေးလုပ်ငန်းတွေ၊ လက်ဆေးတဲ့ လုပ်ငန်းတွေ နှာခေါင်းစည်းဝေတဲ့လုပ်ငန်းတွေ လုပ်နေပါတယ်ခင်ဗျာ။ နောက်တခါ ဆေးရုံတွေမှာလည်း ကျနော်တို့က အတွင်းလူနာတွေ တင်ပြီးတော့ ကုနိုင်အောင်လည်း သံသယလူနာတွေ ကုသနိုင်အောင်လည်းကျနော်တို့ဒါအကုန်လုံး ဆေးရုံတိုင်းမှာလိုအပ်တဲ့ သီးသန့်ခန်းလေးတွေ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အခုကျနော်တို့ မုံရွာဆေးရုံမှာ သံသယ လူနာ ၇ ယောက်ရှိ ပါတယ်။ အဲဒီထဲမှာ ပိုးတွေ့လူနာ ၂ ယောက်ရှိတာပေါ့နော်။”

ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်း လောက်ကစပြီး ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားမှုကြောင့် တစ်နိင်ငံလုံးအတိုင်းအတာနဲ့ H1N1 ရောဂါပိုးကူးစက်ခံရသူ ၂၃၅ ဦးအထိ ရှိလာပြီး သေဆုံးသူ ၂၃ ဦး ရှိနေတယ်လို့လည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက မနေ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013