DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပြည် ကားလမ်းတွင် ကျွန်းခွဲသားများ တင်လာသည့် ကားတစီး ဖမ်းမိ
DVB
·
August 13, 2017
ရန်ကုန်-ပြည် ကားလမ်းတွင် ကျွန်းခွဲသားများ တင်လာသည့် ကားတစီး ဖမ်းမိ
Donate to DVB

တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းဘေး ဇရပ်ဖြူကျေးရွာ၊ မိုင်တိုင်အမှတ် (၅၇/၁)မှာ ဒီနေ့မနက်က ရပ်ထားတဲ့ ကားတစီးကို မသင်္ကာလို့ စစ်ဆေးရာမှ တရားမ၀င်ကျွန်းခွဲခြမ်းတွေ ဖမ်းဆီးမိခဲ့တယ်လို့ တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးစိုးမြင့်သူက ဒီဗွီဘီကို ပြောပါတယ်။

“မနက် ၁၀ နာရီလောက်ကတည်းက ကားကပျက်လို့ ရပ်ထားတာလား၊ ဘာလားတော့ မသိဘူး။ ကျနော်တို့အဖွဲ့က သတင်းရထားလို့ လှည့်ကင်းထွက်တဲ့အချိန်မှာ ကားရပ်ထားတာ တွေ့လို့ မသင်္ကာလို့ အမိုးဖွင့်ကြည့်တော့ အထဲမှာ ကျွန်းခွဲခြမ်းတွေ တင်ထားတာကိုတွေ့ရတယ်။ အနားပတ်ဝန်းကျင်ကို လှည့်မေးကြည့်တော့ ကားကမနက်ကတည်းက ရပ်ထားပြီး လူက တက္ကစီတစီးပေါ် တက်သွားတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျနော်တို့အဖွဲ့က ကားကို သစ်တောရုံးအထိ ဆွဲလာပြီးရုံးမှာ သစ်တွေကို ချပြီးတိုင်းတော့ ကျွန်းခွဲသားအခြမ်း (၁၈) ခြမ်း  ၃ တန်ကျော်ကို ပိုင်ရှင့်မဲ့ ဖမ်းစီးရမိခဲ့တယ်။”

ဖြစ်စဉ်နဲ့ပတ်သက်လို့ တိုက်ကြီးမြို့မ ရဲစခန်းက သစ်တောဦးပဒေ ပုဒ်မ၄၃(က)နဲ့ aတာအုပ်ကြီး ဦးတင်မြတ်က တရားလိုပြုလုပ် တရားစွဲထားတယ်လို့ ဆိုပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013