DVB Logo
Home
မြန်မာသတင်း
ကညွတ်ကွင်းတွင် ကျွန်းသစ်လုံးများ တင်လာသည့် ကားတစီး ဖမ်းမိ
DVB
·
August 11, 2017
ကညွတ်ကွင်းတွင် ကျွန်းသစ်လုံးများ တင်လာသည့် ကားတစီး ဖမ်းမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့မှာ သြဂုတ် ၁၁ ရက် ည ၉ နာရီလောက်က တရားမဝင်ကျွန်းသစ်လုံးတွေ တင်ဆောင်လာတဲ့ ယာဉ်တစီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်သေတွေဟာ လှည့်ကင်းတာဝန် ဆောင်ရွက်နေချိန် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၉/၁ နဲ့ ၁၂၉/၂ အကြား မှာ ယာဉ်မောင်း ဝေလင်းဖြိုး  မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို မသင်္ကာလို့ စစ်ဆေးရာ လုံးပတ် ၄ ခွဲ၊ အရှည် ၉ ပေ ရှိ ကျွန်းသစ်လုံး ၆ လုံ ကို ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။

“စခန်းက နယ်ထိန်းအဖွဲ့က ညဘက် နယ်မြေလုံခြုံရေအတွက် လှည့်ကင်းထွက်တာပေါ့။ အဲဒီမှာ ဒီဖောကားကို မသင်္ကာလို့ စစ်ဆေးတော့ ကျွန်းသစ်လုံးတွေ မိတာပါ။ အဒီအချိန်မှာ သစ်တောအဖွဲ့ကိုခေါ်ပြီး ဖမ်းတာပါ။ အခု စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ယာဉ်မောင်းကို စစ်နေပါတယ်” လို့ တာဝန်ရှိသူဦးက ပြောပါတယ်။

ဖြူးမြို့နယ် သစ်တောဦးစီးဌာနက တရားမဝင် ကျွန်းသစ်တွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်း ဝေလင်းဖြိုကို အရေးယူပေးဖို့ တိုင်ကြားလာလို့ ကညွှတ်ကွင်းနယ်မြေရဲစခန်းက သစ်တောအက်ဥပဒေ ပုဒ်မ-၄၃(က) နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖြူးမြို့နယ်ထဲမှာ တရားမဝင် သစ်ခိုးထုတ်မှု များနေပေမယ့် ဌာနဆိုင်တွေက ဖမ်းဆီးအရေးယူမှု အားနည်းနေတဲ့အပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013