DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အထောက်အထားမဲ့ အလုပ်သမား ၁၀၀၀ ကျော် မှတ်ပုံတင် စိစစ်ရေး မအောင်မြင်
DVB
·
August 11, 2017
ထိုင်းတွင် အထောက်အထားမဲ့ အလုပ်သမား ၁၀၀၀ ကျော် မှတ်ပုံတင် စိစစ်ရေး မအောင်မြင်
Donate to DVB

ထိုင်းမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ၁၅ ရက်အတွင်း မှတ်ပုံ တင်စေပြီး နောက်ထပ်တဆင့်အနေနဲ့ အမှန်တကယ်အလုပ်သမားဖြစ်ကြောင်း သက်ဆိုင်ရာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို လူတွေ့ခေါ်ယူစစ်ဆေးနေရာမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ အလုပ်သမား တစ်ထောင်ကျော်တွေ့ရှိခဲ့ပါတယ်။

အလုပ်ရှင်/အလုပ်သမား တွေ့ဆုံမေးမြန်းမှုကို သြဂုတ် ၈ ရက်နေ့က စတင်ဆောင်ရွက်နေရာမှာ သြဂုတ် ၉ ရက်နေ့ထိ အလုပ်သမားပေါင်း ၆၁၀၀၀ စိစစ်ခဲ့ပြီး အဲဒီထဲက သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့ အလုပ်သမားပေါင်း ၁၂၀၀ ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောဆိုချက်ကို ကိုးကားပြီး တီအန်အန် ထိုင်းတီဗွီသတင်းက ထုတ်ပြန်ပါတယ်။

သူတို့ဟာ အသက် ၁၅ နှစ်မပြည့်သေးသူတွေ၊ အသက် ၅၅ နှစ်ပြည့်ပြီးသူတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမား ဖြေဆိုမှု ကွဲလွဲချက်တွေ ရှိနေတာတွေ့ရကြောင်း၊ အထောက်အထား ထဲမှာ အသက်မပြည့်ပေမယ့် ဆေးရုံမှာ အရိုးကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေးပြီး ဆရာဝန်ထောက်ခံ ချက်နဲ့ ပြသနိုင်ကြောင်း၊ အဲဒီထဲမှာမှ ဆေးလက်မှတ်မအောင်သူတွေရှိနေကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ ဥပဒေအရ အသက် ၅၅ နှစ်ပြည့်ပြီးသူတွေကိုလည်း ငှါးရမ်းခန့်ထားမှာမ ဟုတ်ဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီး ဗိုလ်မှူးကြီး ဆီရချိုင်း ဒစ်ဆကွန်းက သတင်းထောက်တွေ ကို ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ အမှန်တကယ်အလုပ်ရှင်မဟုတ်ဘူးဆိုရင် ဌာနဆိုင်ရာကို အချက်အလက် မှားယွင်းစွာပေးမှုနဲ့ အရေးယူခံရမှာဖြစ်ပြီး အလုပ်သမားတွေကိုလည်း မူရင်းနိုင်ငံ ပြန်ပို့မယ်လို့ ဆိုပါတယ်။

လူတွေ့စစ်ဆေးမှုအောင်မြင်တဲ့ အလုပ်သမားတွေကတော့ နိုင်ငံသားစိစစ်ရေး၊ နိုင်ငံကူး လက်မှတ်နဲ့ အလုပ်သမားကတ်တွေ ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံသားစိစစ်ရေးစခန်းတွေကို လောလောဆယ်  ဆမွတ်ပရကန်၊ ဆမွတ်ဆာခွန်း၊ ချင်းရိုင်း၊ တာ့ခ်၊ ရနောင်း စတဲ့ခရိုင် ၅ ခုမှာ စခန်းပေါင်း ၆ ခုဖွင့် လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒီသြဂုတ်လထဲမှာပဲ နောက်ထပ် ချင်းမိုင်၊ နခွန်းဆ၀မ် နဲ့ ဆုန်ခလာ စတဲ့ ခရိုင် ၃ ခုမှာ တိုးချဲ့ဖွင့်လှစ်ပေးဖို့ရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့အလုပ်သမား အမည်စာရင်းတင်သွင်းခြင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၇ ရက်နေ့ထိ ဆောင်ရွက်ခဲ့ရာမှာ မြန်မာ/လော နဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက အလုပ်သမားပေါင်း  ၇ သိန်း ၇ သောင်းကျော် စာရင်းပေးခဲ့ပြီး အများစုက မြန်မာပြည်က အလုပ်သမားတွေ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013