DVB Logo
Home
မြန်မာသတင်း
မြိတ်ခရိုင်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါကင်းရှင်းကြောင်း သတင်းထုတ်ပြန်
DVB
·
August 4, 2017
မြိတ်ခရိုင်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါကင်းရှင်းကြောင်း သတင်းထုတ်ပြန်
Donate to DVB

မြိတ်ခရိုင်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ကင်းရှင်းကြောင်း တိမွေး/ကုမှ သြဂုတ် ၃ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက  မြိတ်မြို့နယ် ပြင်းအိုရွာရှိ ကြက်အကောင်ရေ ၅၅၀ တရက်ခြားသေဆုံးခဲ့ပြီး လက်ကျန်ကြက်တွေ အပါအ၀င် ကြက်ကောင်ရေ ၇၀၀ ကျော်ကို မြေမြုပ်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီးနောက် H5N1 ရောဂါဟုတ်မဟုတ် သိရဖို့ ကြက်နမူနာတွေကို ရန်ကုန်မြို့ အမျိုးသားဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးစေခဲ့ရာ ရောဂါကင်းရှင်းကြောင်း အဖြေရရှိခဲ့တယ်လို့ တိ/မွေးကုက ပြောပါတယ်။

“ကျနော်ဒီနေ့ပဲ ကြေညာပါ့မယ်။ ကြက်ငှက်တုပ်ကွေးနဲ့ ပတ်သက်ပြီး မြိတ်ခရိုင်အတွင်းမှာ ကင်းရှင်းပါတယ်၊ ပင်းအိုမှာ ဖြစ်သွားတဲ့ ကြက်သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ထားဝယ်က ဓာတ်ခွဲခန်းကို စစ်ဆေးဖို့ ပို့တယ်၊ ထပ်ပြီး သေချာအောင် ရန်ကုန် မြို့မှာရှိတဲ့ အမျိုးသားဓာတ်ခွဲခန်းကို ပို့ပါတယ်။ လည်လိမ်နဲ့ ကြက်ငှက်တုပ်ကွေးမတွေ့ရပါဘူး။ ဒါကြောင့် ကျနော်တို့ မြိတ်ခရိုင်မှာ ကြက်ငှက် တုပ်ကွေး ဒီနေ့အထိ ကင်းရှင်းပါတယ်” လို့ မြိတ်ခရိုင် တိမွေး/ကုဦးစီးမှူး ဒေါက်တာအောင်ကျော်ဇောက ပြောကြားခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားပြီးနောက် ခရိုင်ချင်းကပ်လျက်ရှိတဲ့ မြိတ်ခရိုင်တွင်းမှာလည်း ကာကွယ်မှုအပိုင်း များစွာလုပ်ဆောင်ခဲ့ရာ ကြက်ဥ/ကြက်နဲ့ ၀က်တင်သွင်းခြင်းတွေကို ပိတ်ပင်ခဲ့သလို ကြက်ဥနဲ့ ကြက်သားရောင်းချမှုတွေကိုလည်း ၁၅ ရက် ပိတ်ထားခဲ့ပါတယ်။

ကြက်ဥ/ ကြက်သား ရောင်းချတင်သွင်းခွင့် တားမြစ်ထားတာကိုလည်း ဖြေလျော့ပေးဖို့ တင်ပြပေးသွားမယ်လို့ ဒေါက်တာအောင်ကျော်ဇောက ဆိုပါတယ်။

“မြိတ်ခရိုင်အတွင်းမှာ ကြက်ငှက်တုပ် ကွေးရောဂါနဲ့ ပတ်သက်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်နေဖို့မလိုတော့ပါဘူး။ ကြက်ဥ/ကြက် သားစားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။ ခရိုင်အတွင်းမှာ တစ်နေ့ကိုကြက်ဥအလုံးရေ တသိန်းခွဲထုတ် လုပ်နိုင်ပါတယ်။ ၁၀ ရက်ဆိုရင် ၁၅ သိန်းအထိ ရှိပါတယ်။ မွေးမြူရေးလုပ်ဆောင်တဲ့သူတွေအနေနဲ့လည်း နစ်နာမှုတွေရှိခဲ့ပါတယ်။ သက်ဆိုင်ရာအစိုးရကိုလည်း ကျွန်တော်တို့ဌာနအနေနဲ့ တင်ပြမှုတွေ လုပ်ဆောင်သွားမှာပါ” လို့ ဒေါက်တာအောင်ကျော်ဇောက ပြောကြားခဲ့ပါတယ်။

မြိတ်ခရိုင်အတွင်း အသားစားကြက်ခြံ ၉၄ နဲ့ ဥစားကြက်ခြံ ၃၉ ခြံရှိပြီး ကြက်ကောင်ရေ ၂ သိန်းကျော်မွေးမြူထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013